Part 43 ( အသိစိတ်တို့ ကင်းမဲ့သော်လည်း)

Start from the beginning
                                    

ငါးနှစ်အရွယ်ရှိ ကလေးငယ်သည်ဖိနပ်လေးတစ်ဖက်ကို ပိုက်ကာငိုကြွေးနေသည်။ မျက်ဝန်းကမျက်ရည်တို့က ပါးပြင်ကိုဆက်တိုက်ကျဆင်းလာခဲ့သော်လည်း ထိုကလေးသည် အသံတစ်သံမှမထွက်အောင်လည်း ထိန်းချုပ်နေသေး၏။

ချီရှန်း ထိုကလေးအနားသို့သွားလိုက်သည်။ ထို့ကလေး၏ ဘေးတွင်ထိုင်လိုက်ပြီးနောက် ထိုကလေး၏ကျောပြင်ကိုခပ်ဖွဖွပွတ်သတ်ပေးလိုက်သည်။ သို့သော်လည်း သူ၏လက်တို့က ထိုကလေး၏ကိုယ်ခန္တာကို ထိကိုင်၍မရချေ။ ချီရှန်းက သူ၏လက်ကိုပြန်ကြည့်နေချိန်မှာပဲ ပိတ်ထားသော တံခါးကိုမဖွင့်ပဲ ဒီအတိုင်းဖြတ်သန်းကာဝင်လာသော အနည်းငယ်လင်းသည့်ခန္တာကိုယ်နှင့် အမျိုးသမီးတစ်ယောက်ဝင်ရောက်လာသည်။

ချီရှန်းသည် ရုတ်တရက် မတ်တပ်ကောက်ရပ်လိုက်မိသည်။ သူမကတော့ ချီရှန်းကိုမြင်ပုံမရပဲ ထိုကလေးဆီသို့သာဦးတည်လျက် သူမ၏ရင်ခွင်ထဲကို ကလေးအားထည့်ကာ ကျောပြင်ကိုပုတ်ပေးနေ၏။

" ရှန်းအာ....မယ်တော် မင်းအနားမှာရှိပါတယ်။ မင်းအနားမှာ အမြဲရှိနေပြီး မင်းကိုကာကွယ်ပေးနေမှာပါ.... နော်....မငိုပါနဲ့တော့...ကျေးဇူးပြုပြီး...."

သူမသည် ဆို့နင့်နေသော ငိုကျွေးသံဖြင့် ထိုကလေးကိုပွေ့ဖက်နေပါသော်လည်း ကလေးငယ်သည် သူမကိုမြင်ပုံမရသလို သူမ၏အထိအတွေကိုလည်း ခံစားမိပုံမရချေ။ ဘေးတွင် ရပ်ကာနေသော ချီရှန်းသည်မည်သည့်အသံတစ်သံမှ မထွက်နိုင်ပဲ ပြူးကျယ်နေသော မျက်လုံးဝိုင်းတို့ဖြင့်သာ ရပ်ကြည့်နေမိ၏။ သူ၏နှုတ်ခမ်းပါးတို့သည် အနည်းငယ်တုန်လှုပ်နေသည်။

“..မယ်....မယ်...တော်...”

ထို့နောက် ချက်ချင်းဆိုသလိုနောက်ထပ်နေရာတစ်ခုကို သူရောက်ပြန်သည်။ အရာအားလုံးက သူ၏မှတ်ဉာဏ်တွေဖြစ်မှန်း သူသိလိုက်ရသည်။ ပို၍ဆိုးသည်က သူ၏မိခင်သည်သူ့အနားတွင် အမြဲလိုလိုရှိနေတတ်သည်မှာ သူအရွယ်ရောက်သည်အထိပင်။

အဲ့ဒီနောက် သူမသိမမြင်ခဲ့ဖူးသည့်မှတ်ဉာဏ်တစ်ခုကိုသူတွေ့မြင်လိုက်ရလေ၏။ ထိုအရာက သူမမှတ်မိသည့်အရာဟုပြောလို့မရနိုင်သည်မှာ ထိုအချိန်ကာလသည် သူပင်လူ့လောကထဲမရောက်သေးသည့် သူ၏မိခင်နှင့် ဖခင်တို့နှစ်ဦးသားစတင်တွေ့ဆုံသည့်အချိန်ဖြစ်သည်။

LOVE, BUT HURT (Season 3)_ The Last Begin_[Completed] Where stories live. Discover now