Epi-16

2.7K 258 16
                                    

Unicode

တိတ်ဆိတ်နေသော အ​ခြေအနေကြီးကို တတ စိတ်ပျက်လာသည်။ ထို့ကြောင့် စတင်ဖြိုခွဲလိုက်တော့သည်။

"ဟို  အချိန်က တော်တော်နောက်ကျနေပြီ ဘယ်မှ သွားလို့မရတော့ဘူး ဘယ်လိုလုပ်မလဲဟင် "

မိမိအား အားနာသော အကြည့်တို့ဖြင့် ကြည့်လာပြီး စကားစတင်ပြောလာသော ကောင်ငယ်လေးအား ကြည့်လိုက်မိသည်။ အေးချမ်းပါဘိ။ တကယ်ကို ညနေဆည်းဆာနဲ့အပြိုင် လှရက်လွန်းနေသည်။ ပြောစရာစကားတွေ ပျောက်ရှနေတဲ့ အခြေနေကို ဖြိုခဲွဲပြီး စကားစလာသော ဝါပုလေး။ ခန့်ရွှေစည် တစ်ယောက် ခေါင်းထဲမှ ပေါ်လာသော အကြံအား စတင် အသုံးချတော့သည်။

"အင်း ရ ဘယ်မှတော့ သွားလို့မရတော့ဘူး ဒါပေမဲ့ မနက်ဖန် ဘုန်းကြီးကျောင်းမှာ ကိုယ့်မွေးနေ့ ဆွမ်းကပ်မယ် အလှူလည်း လုပ်မှာမို့ အဲ့ဒါ  ရ လာလို့ရရင် လာပါလားဟင် "

မျှော်လင့်ချက်ကြီးစွာ မဝံ့မရဲ ဖိတ်လိုက်မိသည်။ ရင်ထဲမှာလည်း ကုလားဘုရား လှည့်နေသလိုပင်။ 
ခေါ် ခြင်းကို လက်ခံပါ့မလား ၊ ငြင်းများ ငြင်းလေမလား။ စဥ်းစားနေတဲ့ မျက်နှာလေးကို ငေးကြည့်နေမိပါသည်။ အဖြေရသွားသည်ထင် မိမိအားကြည့်ကာ ပြုံးပြလာလေသည်။ ထိုခဏ ခန့်ရွှေစည်၏ ကမ္ဘာရပ်ဝန်း ခေတ္တ ခဏ ရပ်တန့်သွားရတော့သည်။
' သွားစွယ်လေး ဟုတ်တယ် ငါမြင်လိုက်တာ သွားစွယ်လေး ဟား ဘယ်လိုတောင် ချစ်ဖို့ကောင်းလွန်း လှရက် လွန်းရတာလဲကွာ '
ကိုယ့်အတွေးနဲ့ကိုယ် တစ်ယောက်ထဲ ငြိမ်သက်နေချိန် မိမိ၏ ဘယ်ဖက်လက်အား လက်ညှိုးလေးဖြင့် လာတို့ထိသူ။ ဟုတ်ပါသည်။ ထိုသူကတော့ "ကျွန်တော့်ရဲ့ တစ်ဦးတည်းသော ရ "။

" ဟလိုိ  ဟိုင်း   ဟေး အသက်ရှိသေးရဲ့လား bro "

'အင်... ေမးချလိုက်တာကြီးကလည်းကွာ '

" အဟမ်း ဟို အလုပ်ထဲ စိတ်ရောက်သွားလို့ပါ ဘယ်လိုလဲ လာမယ်မလားဟင် မနက်ဖန် "

" ဟုတ် မနက်ဖန် လာခဲ့မယ် ဘယ်ချိန်လည်းဟင် ကျွေးမှာက အချိန်လေး အတိအကျပြောပေးနော် ဘာမှစားမလာပဲ လာမလို့ "

ခန့်ရွှေစည်တစ်ယောက် အရှေ့မှ ကောင်ငယ်လေးအား မျက်လုံးပြူးကာ ကြည့်လိုက်မိပြီး

𝑴𝒚 𝑰𝒏𝒗𝒂𝒍𝒖𝒂𝒃𝒍𝒆 𝑭𝒂𝒏 (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)Where stories live. Discover now