Part 11

4.5K 525 16
                                    

အတန်းဆင်းတော့ အိမ်ပြန်ဖို့ထွက်လာတော့ ကျောင်းရှေ့မှာjiminနဲ့Taehyung…သူတို့ကိုတွေ့တော့ဘာရယ်မဟုတ် တူတူပြန်ရအောင်သူတို့နားသွားခဲ့တယ်…Taehyungကိုသာစကားပြောနေပြီး ထိုပေါက်စကိုကြည့်တော့ ဘာမှဝင်မပြောဘဲခေါင်းသာငုံထားသည်…ပြီးပြန်တော့လည်းတူတူမသွားဘဲ ရှေ့ကနေတစ်ယောက်တည်းသွားနေတဲ့ပေါက်စ…ငါပါလာလို့တူတူမသွားဘဲ ရှေ့ကနေတစ်ယောက်တည်းသွားနေတာလား…ခနကြာတော့ ကျနော်တို့ဘေးကို ထိုးရပ်လာတဲ့ ကားတစ်စီး…ကားပိုင်ရှင်ကတော့တခြားသူမဟုတ် ပေါက်စကို ကြွေနေပါတယ်ဆိုတဲ့Lee Taemin……jiminကိုကြည့်နေတဲ့ သူရဲ့မျက်လုံးတွေထဲက ပျားရည်တွေထွက်ကျလာမလားအောက်မေ့ရသည်……jiminကိုလာခေါ်တာတဲ့…jiminဘာပြောမတုန်းကြည့်နေတော့ သူလည်းကျနော်ကိုလှည့်ကြည့်လာတာကြောင့် တဖက်လမ်းဆီကိုအကြည့်ပို့ထားလိုက်သည်…ထိုစီနီယာဆိုသူခေါ်တာကိုသဘောတူလိုက်တာကြောင့် Taehyungကိုခေါ်ပြီး ထိုနေရာက အရင်ထွက်လာခဲ့လိုက်သည်…ပေါက်စ ဘယ်လိုကျန်နေမယ်ဆိုတာတော့မသိ…မကြာပါ ပေါက်စ စီးသွားတဲ့ မီးခိုရောင်ကားလေးက ကျနော်တို့ဘေးကဖြတ်မောင်းသွားလေသည်……စိတ်ဆိုးမိသည်…ဘာကိုစိတ်ဆိုးမှန်းမသိလည်းမသိ သေချာတာတော့ ပေါက်စနဲ့သူစီနီယာဆိုတဲ့ သူကိုမြင်ရင်စိတ်ကအလိုမကျတော့တာအမှန်……

"jk ဟျောင့်…"  ဘာတေများဒီလောက်စဉ်းစားနေတယ်မသိ ခေါ်တာတောင်မကြား လက်မောင်းကိုလှမ်းပုတ်လိုက်မှာ

"အော်…ပြော…ပြောလေ"

"ဘာဖြစ်နေတာလဲ ဒီလောက်ခေါ်တာမကြားရအောင်"

"ဘာမှမဟုတ်ပါဘူး"

"စိတ်ရူပ်တယ်မလား…" ရုတ်တရက် Taehyung ပြောလာတဲ့ စကားအဓိပ္ပာယ်ကို ကျနော်နားမလည်

"ဘာကိုတုန်း……"

Jungkook ပြန်မေးတာကို Taehyungကရယ်လိုက်ပြီး

"chimနဲ့Taemin hyungကိုတွဲမြင်တာလေ"

"ဘာပြောတာလဲ ငါကိုဘာလို့သူတို့ကိုမြင်တာစိတ်ရူပ်ရမှတုန်း"

Taehyungက ခေါင်းခါပြီး Jungkookပုခုံးကိုဖက်လိုက်ပြီး

"ဟျောင့်…မင်းခံစားချက်ကိုမြန်မြန်အဖြေထုတ်တော့နော် မဟုတ်ရင် နောင်တရလိမ့်မယ်"

Owner of the Heartbeat(completed)Where stories live. Discover now