Part 22

4.7K 524 21
                                    

ဒီနေ့…အရာရာကိုဆုံးရူံးတော့မယ်လို့ခံစားနေရတဲ့ဒီနေ့…ချစ်တဲ့သူအနားကထွက်သွားတော့မည့်နေ့…တစ်နည်းပြောရရင် jeon jungkookဆိုတဲ့ကျနော်နားကနေ park jiminဆိုတဲ့ကောင်လေးထွက်ခွာသွားမည့်နေ့……ချစ်ရသူက ကျနော်နဲ့seoulဆိုတဲ့မြို့တော်ကြီးကိုခွဲပြီး သူနေရပ် ဖြစ်တဲ့အမေရိကားဆိုတဲ့နေရာဆီကိုထွက်သွားတော့မည်…တားနိုင်စွမ်းမရှိပါ…မည့်သို့သောအင်အားတွေနဲ့ တားရမည်နည်း…အနားရှိတုန်း တန်ဖိုးမသိ ထွက်သွားတော့မှာ နှမြောတသဖြစ်နေတဲ့မိမိကိုယ်ကိုသာ အပြစ်ဖွဲ့ချင်မိသည်……

Jungkookရဲ့ ဝမ်းနည်းခံစားနေတာကို မမြင်ချင်၍လား နေမင်းကြီးသည်လည်း မိုးတိမ်သားတွေထဲတွင် ပုန်းခိုနေပြီး လောကတခွင်ကို အုံမိုင်းနေစေသည်……ကြည်လင်တောက်ပတဲ့အပြာရောင်မိုးကောင်းကင်ကြီးအစား မိုးတိမ်မဲတွေသာကောင်းကင်တခွင်နေရာယူထားပြီး jungkookရင်ထဲတွင်လည်း နာကျင်စေသည့်ခံစားချက်တွေသာကြီးစိုးနေလေသည်……

"jk ဟျောင့်ဘာဖြစ်နေတာလဲ…"

အခန်းထဲမှာထိုင်ပြီးငိုင်နေတဲ့jungkookကိုမြင်တော့ minhoကမေးလိုက်ခြင်း

"သူထွက်သွားတော့မယ်……"

"ဘာ………"

"jimin အမေရိကားကိုပြန်တော့မယ်တဲ့…"

"ရုတ်တရက်ကြီး ကျောင်းလည်းမပိတ်သေးဘဲနဲ့ဘာလို့လဲ…ဘယ်နေ့ပြန်မှာလဲ…"

"ဒီနေ့ဘဲ………"

"ဒီနေ့ပြန်မှာကိုမင်းကမတားဘူးလား သူကိုဒီတိုင်းလက်လွှတ်လိုက်တော့မို့လား…"

"ဟက်…………"   jungkookတစ်ယောက် လှောင်သလိုတစ်ချက်ရယ်လိုက်ပြီးမှာ မျက်နှာကိုလက်နှစ်ဖက်နဲ့ပွတ်လိုက်ပြီး  "ငါသူကိုဘယ်လိုအင်အားတွေနဲ့တားရမှာလဲ…သူထွက်သွားအောင်လည်းငါဘဲလုပ်ခဲ့တာလေ လက်လွှတ်တော့မှာလားဆိုရင်တော့ ငါသူကိုလက်မလွှတ်ချင်ဘူး…မဟုတ်ဘူး မလွှတ်နိုင်ဘူး……"

"ဒါဆိုတားလေ jungkookသူကိုမင်းဖွင့်မပြောရသေးဘူးမလား"

"ခုချိန်မှပြောတော့ကော ဘာထူးတော့မှာလဲ တော်ပါပြီကွာ "

Owner of the Heartbeat(completed)Where stories live. Discover now