Part 19

4.6K 550 31
                                    

"chimကိုယ်ကိုချစ်နေတာလား………"

"ကျွတ်…မင်းဘာဖြစ်နေတာလဲ jeon jungkook"

မျက်ဝန်းစိမ်းတွေနဲ့ ကျနော်ကိုကြည့်ပြီးပြောလာတဲ့ ချစ်ရသူ…အထင်မမှားဘူးဆိုရင် သူအသံတွေလည်းတုန်ယင်နေခဲ့လေသည်…သူရပ်နေတဲ့နား တိုးသွားလိုက်တော့ နောက်ကိုဆုတ်သွားတဲ့သူ…

"chim…"

"မချစ်ဘူး……"   သူနူတ်ခမ်းဖူးဖူးလေးတွေကထွက်ကျလာတဲ့စကားလေးတစ်ခွန်း…မျက်ဝန်းတွေဟာလည်းမငြိမ်သက်…ကျနော်မျက်လုံးတွေကိုလည်းရှောင်လွှဲနေလေသည်…မဟုတ်ဘူး ကျနော်ကြားချင်တာဒီစကားမဟုတ်ဘူး ဒီမေးခွန်းရဲ့အဖြေကဒါမဟုတ်ဘူး…chimညာနေတာ

နာကျင်တယ်kook…မင်းကိုမချစ်ဘူးလို့ညာနေရတာ ငါလည်းအရမ်းပင်ပန်းတယ်…

"ငါမင်းကိုမချစ်ဘူး jungkook ဒါကြောင့်မင်းအထင်မှားမနေနဲ့ မင်းကြားချင်တဲ့အဖြေကြားရပြီမလား"

ပြောပြီးတာနဲ့လှည့်ထွက်ဖို့လုပ်နေတဲ့ jiminကိုလက်ကနေဆွဲကာ လှည့်လိုက်ပြီး ပုခုံးနှစ်ဖက်ကိုတင်းကျပ်နေအောင်စုပ်ကိုင်ထားမိသည်

"ဘာလို့ညာတာလဲ…chimညာနေတာဟုတ်တယ်မလား ကိုယ့်ကိုအမှန်တိုင်းပြောပါနော် နော် chim……"

ကျနော်ပုခုံးကိုစုပ်ကိုင်ကာ အသနားခံနေတယ်လိုဆိုရလောက်တဲ့ မျက်ဝန်းတွေနဲ့ကြည့်ပြီးမေးလာတဲ့jungkook…ဒီမျက်ဝန်းတွေက ကျနော်ရင်ကိုနာကျင်စေတယ်ဆိုတာ မင်းတကယ်မသိခဲ့တာလားjungkook…

စုပ်ကိုင်ထားတဲ့လက်နှစ်ဖက်ကို ပုခုံးပေါ်ကပုတ်ကျလိုက်ပြီး

"ငါလိမ်နေတယ်လို့မင်းကဘာကြောင့်ပြောနိုင်တာလဲ ငါမင်းကိုမချစ်ဘူးjungkook…"

"ဒါဆိုဒါကကော………"   ပြောပြီးလွယ်အိတ်ထဲကထုတ်လာတဲ့ အဝါရောင်စာအုပ်လေးတစ်အုပ်…ဒါငါဒိုင်ယာရီလေး…ဒီရက်ပိုင်းတွင်း လေ့ကျင့်ပြီးအဆောင်ပြန်ရောက်တာနဲ့ပင်ပန်းပြီး တန်းအိပ်ယာထဲဝင်တာ မနက်ကျလည်း အစောကြီးလေ့ကျင့်ဖို့ထွက်နဲ့ ဒိုင်ယာရီစာအုပ်ပျောက်နေတာကို သတိမထားမိခဲ့………ငါ့ဒိုင်ယာရီကဘယ်လိုလုပ်jungkookဆီရောက်နေတာလဲ…   

Owner of the Heartbeat(completed)Where stories live. Discover now