Part 17

4.4K 512 22
                                    

ဒီနေ့နဲ့ဆိုjiminနဲ့မတွေ့တာ တစ်ပတ်တိတိပြည့်ခဲ့ပြီ…ဟိုတစ်နေ့ သူနှုတ်ခမ်းလေးကို ကျနော်နှုတ်ခမ်းနဲ့ထိတွေ့ခွင့်ရခဲ့ပြီးတဲ့နေ့တည်းက သူကျနော်ကိုရှောင်နေခဲ့တာ ခုဆိုတစ်ပတ်တိတိပြည့်ခဲ့ပြီ…တစ်အိမ်ထဲမှာတူတူနေပေမယ့် သူကအရှောင်ကောင်းနေတော့ တွေ့ခွင့်မရခဲ့…တွေ့ရင်လည်း ရှောင်ထွက်သွားတတ်သည့်လူသားလေး…မနက်ဆို ကျနော်မထခင် ကျောင်းသွားလိုက်သည်…ညနေ့ကျတော့လည်း အကပြိုင်ပွဲတွက်လေ့ကျင့်နေလို့နောက်ကျမှပြန်လာတတ်သည်…ညဘက်သူတို့အခန်းထဲသွားရင်လည်း အကြောင်းအမျိုးမျိုးရှာပြီး hyungတွေအခန်းဆီကိုထွက်သွားလေသည်…နေလည်ကျောင်းမှာ သူတို့အတန်းဘက်သွားရင်လည်း Taeminဆိုတဲ့သူနှင့်အမြဲ ရှိနေတတ်သည့်သူ……ကျနော်ကိုမရှိသည် လူအသွင် မှတ်ယူထားသည့်ပုံပင်……မကြိုက်ပါ သူကျနော်ကိုလျစ်လျူရူနေတာ ကျနော်လုံးဝမကြိုက်…ဒါကြောင့် ဒီနေ့တော့ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် park jiminနဲ့တွေ့ဖြစ်အောင်တွေ့ရမည်…

ကျောင်းကအတန်းဆင်းတာနဲ့ အိမ်သို့ပြန်လာလိုက်သည်…ထုံးစံတိုင်း jiminကတော့အိမ်မှာမရှိ…ညမိုးချူပ် အကလေ့ကျင့်ပြီးမှာပြန်လာမည်ပုံ……ညနေစားသောက်ပြီးတာနဲ့ ခြံထဲဆင်းကာ သူပြန်လာမယ့်အချိန်ကိုစောင့်နေလိုက်သည်…ယခင်ကိုးနာရီဆိုပြန်ရောက်နေကျဆိုပေမယ့် ဒီနေ့မှာတော့ကိုးနာရီခွဲထိကိုပြန်မရောက်သေး…စိတ်ပူတယ်လို့ဘဲဆိုမလား စိတ်ထဲမှာတော့ပူလောင်နေမိသည်……မကြာပါ အိမ်ရှေ့ကားရပ်သံကြားလိုက်ရသည်…ထိုပြိုင်ပွဲလည်းမြန်မြန်ပြီးမှာပင်မဟုတ်လျှင် lee taeminတို့ park jiminနားလာရာက အိမ်ရှေ့မှာချောင်းပေါက်တော့မည်…

ကားရပ်ပြီး တော်ရုံနဲ့မဝင်လာတာကြောင့် တံခါးနားသွားကြည့်တော့ မြင်လိုက်ရတဲ့ မြင်ကွင်းက ရင်ဘတ်တစ်ခုလုံးကိုစုတ်ပြတ်သွားစေသလို ပေါက်စက ကျနော်ဘက်ကို ကျောပေးထားပြီး lee taeminကတော့ပေါက်စရှေ့တွင်ရပ်ပြီး ပေါက်စ၏နဖူးကိုနမ်းနေလေသည်……၄င်းမြင်ကွင်းကြောင့် နှလုံးသားတစ်ခုလုံးကို ချွန်ထက်သည့်အရာဖြင့်ထိုးဆွနေသလို………

လူရွေးပွဲနီးလာပြီဖြစ်တာကြောင့် taemin hyungနဲ့တိုင်ပင်ပြီးလေ့ကျင့်ချိန်တွေတိုးကာလေ့ကျင့်မိသည်…Taemin hyungကတော့ မနက်ဆိုလေ့ကျင့်ဖို့လာခေါ်ပြီး ညလေ့ကျင့်ပြီးချိန် အဆောင်သို့ပြန်ပို့ပေးလေ့ရှိသည် ဒီနေ့လည်း လေ့ကျင့်ပြီးတာနဲ့ အိမ်သို့ပြန်ပို့ပေးလေသည်…hyungကိုနူတ်ဆက်ပြီးအိမ်ထဲဝင်မယ့်အလုပ် မျက်စီထဲ အမှုန်ဝင်သွားတာကြောင့်

Owner of the Heartbeat(completed)Where stories live. Discover now