Chapter(220) - သူဆန္ဒမရှိဘူး

Start from the beginning
                                    

သူကတစ်နေ့လုံးတစ်ညလုံးအိပ်ပျော် သွားခဲ့ပြီးယန်ထျန်းဟန်ဘယ်လိုနေလဲ ဆိုတာကိုလာကြည့်သည့်ယွမ်ထျန်းဝမ် နဲ့သွမ့်ယွီယန်တို့သည်လည်းလင်ရွှမ်းဇီ မောင်းထုတ်သည်ကိုခံလိုက်ကြရသည်။ ကျန်တဲ့သူများကိုတော့လင်ရွှမ်းဇီက ဘယ်သူ့ကိုမှချဉ်းကပ်ခွင့်မပြုဘူးဟု ပွင့်ပွင့်လင်းလင်းပဲပြောထားသည်။ အကြိမ်ပေါင်းများစွာလာကြည့်တဲ့ ရှန်ရူပင်းသည်ပင်မောင်းထုတ်ခံရပြီး လင်ရွှမ်းဇီကဘယ်သူမှထပ်မဝင်လာ စေရန်အပြင်ဘက်မှာမှော်ကိရိယာ တစ်ခုထားထားလိုက်တော့သည်။

ယန်ထျန်းဟန်ကနောက်တစ်နေ့ ညမှသာနိုးလာခဲ့၏။

တကယ်တော့ဒီတောင်ပေါ်မှာနေ့နဲ့ည ကိုခွဲခြားလို့မရပေ။ထူးဆန်းတဲ့လက ကောင်းကင်မှာအမြဲတမ်းချိတ်ဆွဲထား ပြီးကောင်းကင်ရဲ့အရောင်ကလည်း သွေးနီလိုဖြူဖျော့ဖျော့အဝါရောင် သာဖြစ်နေသည်။

ယန်ထျန်းဟန်ကသူ့မျက်လုံးကိုဖွင့် လိုက်သည်။သူ့'လင်းထိုင်'ကရှင်းလင်း နေပြီးသူ့တစ်ကိုယ်လုံးကသက်တောင့် သက်သာဖြစ်နေသည်။ပိတ်ဆို့ခံထားရ သည့်ဒီဂရီမျဉ်းတော်တော်များများ သည်လည်းတစ်ညတာအတွင်း ရှင်းလင်းစီးဆင်းသွားပုံပေါ်သည်။

သို့သော်သူ့အာရုံကအဲ့ဒီအပေါ်မှာ မရှိဘူးဖြစ်သည်။သူ့မျက်လုံးကို ဖွင့်လိုက်သည့်တစ်ခဏမှာသူ့ကို လက်မောင်းကြားထဲပွေ့ထားသည့် လင်ရွှမ်းဇီကိုမြင်လိုက်ရသည်။

ယန်ထျန်းဟန်ကအတော်လေး အံ့အားသင့်သွားမိသည်။သူက ပျော်ရွှင်စွာဖြင့်အကိုကြီးဟုခေါ်ဖို့ ပြင်လိုက်ပြီးမှဘာဖြစ်ခဲ့လဲဆိုတာ သတိရသွားမိ၏။

ယန်ထျန်းဟန်ကချက်ချင်းပင် မျက်လုံးများမှိတ်ပြီးပြန်လည် ကောင်းမွန်ဖို့တရားထိုင်နေသည့် လင်ရွှမ်းဇီအားတွန်းထုတ်လိုက် ကာသူ့အပေါ်ကခုန်ချ၍သူနဲ့သုံးမီတာ အကွာမှာမတ်တပ်ရပ်လိုက်သည်။

လင်ရွှမ်းဇီကသူ့မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်ကာအဝတ် အစားများကိုပြင်ပြင်ဆင်ပြီးမတ် တပ်ထရပ်သည်။

"မင်းဘယ်လောက်ရွှင်ပြနေလဲဆို တာကိုကြည့်ရတာတော့အခုအဆင် ပြေသွားပြီထင်တယ်"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now