Chapter(217) - Chaotic Sky ခေါင်းလောင်းထွက်ပေါ်လာပြီ

Start from the beginning
                                    

ရှန်ရူပင်းတွန့်ဆုတ်နေသည့်တစ်ခဏမှာ ပိုပြီးအင်အားပြင်းသည့်တိုက်ခိုက်မှုက သူမရဲ့မျက်စိရှေ့ကိုရောက်လာခဲ့ပြီဖြစ်၏။

ရှန်ရူပင်းကအလျင်အမြန်တိုက်ခိုက် ရန်ပြင်ဆင်လိုက်သော်လည်းသူမရဲ့ နည်းစနစ်ကအစပြုအဆင့်မှာပဲရှိနေ သေးသည်။ထိုတိုက်ခိုက်မှုကြောင့် သူမဒဏ်ရာရတော့မယ့်ပုံပေါ်နေသည်။

မိသားစုတစ်ရာမှတပည့်ကသူ့ရဲ့အောင် ပွဲသေချာသွားတာကြောင့်စိတ်ကျေနပ် သွားသည့်အပြုံးတစ်ခုပြသလာသည်။ သူကမျက်လုံးအနီရောင်ဖြစ်နေပြီဖြစ် ပြီးလင်ရွှမ်းဇီနှင့်ရှန်ရူပင်းအားသတ်ကာ သူတို့ရဲ့ရတနာများအားသိမ်းယူနိုင်ဖို့ မစောင့်နိုင်တော့ပေ။

Ring—

ပြင်းထန်ပြီးထည်ဝါလှသည့်ဝိဉာဏ်ချီ တိုက်ခိုက်မှုအောက်တွင်ခေါင်းလောင်း တစ်ခု၏ခပ်တိုးတိုးကလင်ကလင်အသံ ထွက်ပေါ်လာခဲ့ပြီးလင်ရွှမ်းဇီကလွဲရင် ဘယ်သူမှမကြားလိုက်ကြပေ။

လင်ဇီဂျီကလင်ရွှမ်းဇီနောက်မှာရပ်နေ ခဲ့တာဖြစ်သော်လည်းအရာအားလုံးကို ရှင်းရှင်းလင်းလင်းမြင်နေရသည်။

လင်ရွှမ်းဇီရဲ့ရှည်သွယ်သည့်လက်ချောင်း များကလက်ဖဝါးအရွယ်ရှိခေါင်းလောင်း လေးအားညှစ်ထားသည်။ခေါင်းလောင်းရဲ့ ကိုယ်ထည်ကအနုစိတ်စည်းတံဆိပ်များ ဖြင့်ထွင်းထုထားလေသည်။သူကအဲ့ဒါကို ခပ်ဖွဖွလှုပ်ခါလိုက်သောအခါခေါင်း လောင်းရဲ့မည်သံကနက်ရှိုင်းလှသည့် အဓိပ္ပါယ်ဖြင့်ထွက်ပေါ်လာပြီးပြင်းထန် လှသည့်လေကြမ်းများနှင့်အကန့်အသတ် မရှိသည့်တိုက်ခိုက်မှုကလမ်းညွှန်မှုတစ်ခု ကိုရရှိလိုက်သလိုမျိုးလင်ရွှမ်းဇီရဲ့ခေါင်း လောင်းအတွင်းသို့တိုးဝင်သွားကြသည်။

"အာ......"

လင်ဇီဂျီရဲ့အံ့အားသင့်သွားသည့် အသံကလုံးဝမသေဆုံးသွားခင်မှာ အရာအားလုံးတိတ်ဆိတ်သွားခဲ့ပြီး မြေပြင်ပေါ်သို့ကျဆင်းနေသည့် မိုးစက်များရဲ့တစ်ဖြောက်ဖြောက် အသံသာကျန်ရှိခဲ့သည်။

လင်ဇီဂျီကဗလာဖြစ်စွာစိုက်ကြည့်နေ မိပြီးသူ့ပါးစပ်ကတော့ထိတ်လန့်မှုကြောင့် ပွင်ဟနေမိဆဲပင်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now