Description

62.7K 2.3K 32
                                    

Unicode
-------------

Dark City ( မဟူရာ မြို့တော် )

သာမန်လူတွေမမြင်နိုင်သည့် အကာအရံတွေ
ဖြင့်လျှို့ဝှက်စွာတည်ရှိနေသည့် နတ်ဆိုးတို့
၏ကြီးစိုးရာနေရာ...။

ထူးခြားသည့်မျိုးရိုးဗီဇ တွေပိုင်ဆိုင်ထားပြီး
ခွန်အားကြီးမားလှသည့် နတ်ဆိုးမျိုးနွယ်စု
ကိုအပြစ်ပြုမိသူ လူသားတစ်ချို့ကြောင့်
ဆိုးရွားသည့် " ကျိန်စာ " ဖြစ်ပေါ်လာခဲ့သည် ။

ထိုကျိန်စာကိုပယ်ဖျက်နိုင်သည့် လူသားက
လေးဟာ မဟူရာမြို့တော်မှာ မွေးဖွားလာ
မည်ဟု ဆို၏ ။ ကံဆိုးသူ လူသားကလေးက
ဘယ်သူများလဲ.....။

နတ်ဆိုးအရှင်၏ကြင်ယာတော် ဟူသည့်ကျိန်
စာဖြင့်မွေးဖွားလာသည့် ကလေးငယ် ။ ထို
ကျိန်စာကနေ လွတ်မြောက်ဖို့အတွက် ကလေး
ငယ်ဟာ အိမ်တော်ကြီးအတွင်းမှာ ၁၇ နှစ်
တိုင်ကြာသည်ထိ ပိတ်လှောင်ခံခဲ့ရသည် ။

ကျိန်စာဖြစ်ပေါ်လာခြင်း၏ နောက်ကွယ်က
အမှန်တရားကတော့ဖြင့် လူတွေထင်ထားသ
လိုမဟုတ်ခဲ့ပေ ။

=================================

ဒီ Fic မှာ စာရေးသူက Omegaverse ကို
အခြေခံပြီးရေးမှာဖြစ်လို့ အကြမ်းအားဖြင့်
ဒီပုံစံအတိုင်းမှတ်ထားရင်ဖြစ်ပါတယ် ။

" မိန်းမ " [ Omega, Beta, Alpha ]

" ယောက်ျား " [ Omega, Beta, Alpha ]

Alpha တွေက ဦးဆောင်သူဖြစ်ပြီး ထူးချွန်
ထက်မြတ်ကြသူတွေလဲဖြစ်ပါတယ် ။
သူတို့မှာ ကိုယ်ပိုင် ဖယ်ရိုမုန်း တွေရှိသလို
Omega တွေရဲ့ ဖယ်ရိုမုန်း ကိုလဲအနံခံနိုင်
စွမ်းရှိပါတယ် ။

Beta ကတော့ရှင်းပါတယ် ။ ဒီတိုင်းသာမာန်
လူတွေလိုပါဘဲ ။ သူက ဖယ်ရိုမုန်း ပိုင်ဆိုင်
ထားခြင်းမရှိသလို တခြားလူရဲ့ ဖယ်ရိုမုန်း
ကိုလဲအနံမရနိုင်ပါဘူး ။

Omega ကတော့ နာခံသူတွေဖြစ်ပါတယ် ။
နူးညံ့သိမ်မွေ့ပြီး လူဦးရေအနည်းဆုံးမျိုးရိုး
ဗီဇပိုင်ရှင်တွေပါ ။ သူတို့က သန့်စင်ပြီး ခပ်
ချိုချို ဖယ်ရိုမုန်း တွေကိုပိုင်ဆိုင်ထားတတ်ကြ
ပါတယ် ။

Mark _ Omega က Heat ဝင်လာတဲ့အခြေ
အနေမှာ သူ့ရဲ့ Alpha ဆီကနေအမှတ်အသား
ပေးဖို့လိုအပ်လာပါတယ် ။ ဒီနေရာမှာယာယီ
အမှတ်အသားနဲ့ တစ်သက်တာအမှတ်အသား
ဆိုပြီးနှစ်မျိုးကွဲသွားတယ် ။ ယာယီအမှတ်အ
သားကတော့ ၅ ရက်ကနေ ၇ ရက်အထိခံပြီး
တစ်သက်တာအမှတ်အသားကတော့ Omega
ကသူ့ကိုအမှတ်အသားပေးလိုက်တဲ့ Alpha
ရဲ့ " မိတ်ဖက် " ဖြစ်သွားခဲ့ပါတယ် ။

🖤 Dark City 🖤 ( Complete ) Where stories live. Discover now