4

585 69 0
                                    

"ဝှား းးးးး!!!"

"အိပ်ရေးမဝလိုက်တာကွာ.…!!"

နှစ်ယောက်သား ပျင်းရိလေးတွဲစွာ စောင်ကို အချိုးမပြေခေါက်နေကြသည်။

အရင်ကဆို အိပ်ရာထပြီဆိုတာနဲ့ ရေချိုးခန်းထဲတန်းဝင်တာပင်။ ရေချိုးပြီးပြန်ထွက်လာလို့ရှိရင်လည်း ကျောင်း
သွားဖို့ပြင်ဆင်ပြီးတာနှင့် နောက်ကအိပ်ရာကို ပြန်လှည့်မကြည့်တတ်ခဲ့ကြ။

ဒါပေမဲ့လည်းအိပ်ရာသိမ်းပေးမယ့်Hyungကအဆင်သင့်ရှိနေတတ်သည်။ Hyungကပွစိပွစိသာပြောမည်။

တစ်ခါတစ်လေများဆိုမျက်နှာသစ်သွား
တိုက်တာကအစသူကိုယ်တိုင်လုပ်ပေးလိုက်သူ
ဖြစ်သည်။ ကလေးငယ်တွေကို ပြူစုစောင့်ရှောက်ရသလို Hyung မှာသူ့
ခြေသူ့လက်နှင့်အားလုံးကိုလုပ်ကိုင်ပေးသူ
ဖြစ်သည်။

"Baek…"

"ဟင်…"

"ဘာဖြစ်နေတာလဲ…??ငူငူငိုင်ငိုင်နဲ့ !!"

ခေါက်လက်စစောင်ကြီး ကိုင်ပြီး ဘာစကားမှ
မပြော လဒမှိုင် မှိုင်နေတဲ့ BaekhyunကိုChen
က မေးရှာသည်။

."Hyungကိုသတိရလို့ Hyungသာရှိရင် အခုလိုမျိုးစောင်လည်း ခေါက်ရမှာမဟုတ်ဘူး အိပ်ရာလည်းသိမ်းစရာလိုမှာမဟုတ်ဘူး …"

."အေးကွ Hyung ကို လွမ်း လိုက်တာကွာ…!!"

နှစ်ကောင်သား မျက်ရည်လေးများစမ်းတမ်း စမ်းတမ်းဖြစ်လို့နေကြသည်။

"ကိုယ်တော်လေးတွေ ထမင်းစားကြမယ်!!"

Chanyeolအသံကြားတော့မှ နှစ်ကောင်သား ပျာပျာသလဲအိပ်ရာသိမ်းခြင်းကိုအပြီးသတ်
လိုက်ရသည်။
မဖြစ်ဘူးနောက်ကျတယ်ဆိုရင်ဘုရားရှစ်ခိုးနေရဦးမယ်။

ဘုရားရှစ်ခိုးတာကလည်းလွယ်တဲ့အလုပ်မ
ဟုတ်။ရှစ်ခိုးတိုင်းသာ ချမ်းသာမယ်ဆိုရင် ဒီညီ
အစ်ကိုနှစ်ယောက် ကမ်ဘာတစ်လုံး လုံးကို
တောင်ဝယ်နိူင်လောက်ပြီထင်…

ထမင်းဝိုင်းမှာ အဆင်သင့်ထိုင်စောင့်နေသည့် Chanyeolကိုတွေ့ရသည်။Chenနှင
့်Baekhyunဘာစကားမှမဆိုဘဲ တည်တည်ငြိမ်ငြိမ်နှင့်ဝင်ထိုင်လေ
တော့ Chanyeol စိတ်ထဲ တစ်မျိုးတစ်မည်ဖြစ်
ရသည်။

အမွှေစိန်ပေါက်စအားချစ်မိခြင်း (Complete)Where stories live. Discover now