1

4.3K 147 3
                                    


နှစ်ဦးသား ငုတ်တုတ်လေးတွေ ထိုင်နေကြရင်း ဘာစကားမှလဲ မဆိုရဲကြ။ ဘာမှမပြောနဲ့ ပါးစပ်ပိတ်နေဆိုတာကြောင့် ပိတ်ထားတဲ့ပါးစပ်ထဲကလေလေးတောင်
မှုတ်မထုတ်ရဲ။ မျက်လုံးလေးလှန်ကြည့်လိုက် မျက်လုံးလေးကိုပေကလပ် ပေကလပ် လုပ်လိုက်ဖြင့် အသက်တောင် ပြင်းပြင်းမရှုရဲ။

စာရွက်ကြီးနှစ်ရွက်ထောင်ထာင်ကြည့်ပြီး မျက်နှာကြီး
နီနီရဲရဲဖြစ်ဖြစ်လာကတည်းက သိလိုက်ပါပြီ။ Suhoဘယ်လောက်ဒေါသထွက်နေတယ်ဆိုတာ…

ဘယ်လျှောက်လိုက် ညာလျှောက်လိုက်နဲ့ လျှောက်နေတာလဲ မပြီးတော့ ။ ဒီမှာငုတ်တုတ်ထိုင်နေရတဲ့ နှစ်ကောင်က ခြားရဟတ်စီးနေရသလို သူ့လိုက်ကြည့်နေရတာနဲ့ မူးဝေချင်လာပြီ။
...ဒီကိစ္စကို ပက်လက်လုပ်ကြမတုန်း အဲလေ ဘယ်နှယ့်လုပ်ကြမတုန်း…???

နှစ်ကောင်သားမျက်လုံးပြူးလေးတွေနဲ့သားသားသိဝူးဆိုတဲ့ အကြည့်မျိုး...

...ကောင်းကြသေးရဲ့လားကွာအကြီးကောင် chenမင်းကိုစာကျက်ပါ စာကျက်ပါဆိုတာ မင်းအမြဲတမ်းအာပြဲနဲ့အော် အော်နေပြီး ခုကျဘာလို့ အဆင့်ကဘိတ်ချေးဖြစ်နေရတာလဲ ပြောစမ်း အဲ့လောက်အသံပြဲနဲ့အော်
နေတာ စာကျက်နေတာမဟုတ်ဘူးဘူးလားကွ

...အင် းးးး ကျက်တာပဲလေhyungရဲ့

...ကျက်တယ်ဆို ဘာလို့ မင်း အဆင့်က ဒီလောက်တိုးတက်နေတာလဲ ပြောစမ်းပါဦး

...ကျက်တာက ကျွန်တော်လဲကျက်တာပဲ လေ ကျွန်တော်ကျက်တဲ့ အပုဒ်တွေမှ မပါတာ ဘယ်လိုလုပ်ရမှာလဲ  အဲ့ဒါကျွန်တော့် အပြစ်မဟုတ်ဘူး.…!!!!

...မင်းအပြစ်မဟုတ်ရင် ဘယ်ကသူတောင်းစားရဲ့အပြစ်လဲ chen !!!

...မေးခွန်းထုတ်တဲ့သူရဲ့ အပြစ်ပေါ့ သူကဘာကိစ္စကျွန်တော်ကျက်ထားတဲ့အပုဒ်တွေ မမေး ရတာလဲအဲ့ကိစ္စကို ကျွန်တော် မကျေနပ်ဘူး…><

...ဪ အေး အေး မေးမိတာငါပဲ မှားတယ်သိလားငါပဲ မှားတာ …!!!တောက် !!

ရင်ဘတ်ကိုတစ်ဒုန်းဒုန်း ထုပြီး suho စိတ်ကိုလျှော့ချလိုက်ရသည်။ ဒါပေမဲ့ ကိုယ်တော်တစ်ယောက်ကျန်နေ
သေးတယ်ဒီကိုယ်တော်လေးကလဲဘာထူးသလဲတစ်ထစ်ရှိ ဆော့မယ် စားမယ် ဒါကလွှဲရင် ဘာမှမသိတာအဆင့်လဲကြည့်လိုက်ဦး နောက်ဆုံးကရေရင် ဒုတိယ။
ပထမကတော့အာပြဲကိုယ်တော်လေးchenလေ

အမွှေစိန်ပေါက်စအားချစ်မိခြင်း (Complete)Where stories live. Discover now