3

650 74 0
                                    


Chanyeolတစ်ယောက် ဝရံတာကနေ Baekhyunကိုစိတ်ဝင်တစားလှမ်းကြည့်နေမိသည်။သူBaekကိုစိတ်ဝင်တစားလှမ်းကြည့်နေသလို Baekကလည်းတခြားအရာကို တော်တော်စိတ်ဝင်တစားကိုကြည့်နေ
လေသည်။

အင်း ...ဘာတွေဒီလောက်စိတ်ဝင်စားနေသည်မသိ။

Baek တစ်ယောက် ရေကူးကန်ဘေးမှ အလုပ်ရှုပ်နေရှာတာပါ။ သူ့မှာ ရေကူးကန် ထဲကို မျက်လုံးလေးပြုးပြဲ
ပြီး အတင်းကြည့်နေလေသည်။

တစ်ခါတစ်လေများဆို puppyလေးတွေလို ဖင်လေးထောင်ထောင်ပြီး ကြည့်နေတတ်သေးသည်။

သူကြည့်နေသော အရာကား ရေကန် အလယ်လောက်တွင်ရှိနေပုံရသည်။ မတ်တပ်ထရပ်ကြည့်လိုက် ခဏနေ
ဒူးလေးထောက်ပြီးကြည့်လိုက် ပါးစပ်ကလည်းပွစိပွစိရေရွတ်နေတတ်သေး
ကာ တစ်ခါတစ်လေများဆို ခေါင်းလေးပါကုတ်နေတတ်သေးတာ…

ဟော...သူကြည့်နေတဲ့အရာ မမြင်ရလို့နဲ့ တူပါတယ်။ရေထဲခုန်ဆင်းသွားပြီ။

...ဖလူး ဖူး ဖလူးဟူး

ဟင် ... သူ ရေထဲခုန်ဆင်းပြီး မြုပ်လိုက်ပေါ်လိုက်နှင့်ဘာလုပ်နေတာပါလိမ့်။

...ဖလူး ဗြဲ..!!!.ကယ် …ကယ် ကြပါ… ကယ်ပါ ဖလူး… ဖူး!!!!

မြုပ်ချည်ပေါ်ချည်နဲ့တကယ်တော့Baekhyun
ရေနစ်နေတာပါ ။

ရုန်းကန်လေ နစ်လေ နားထဲရေတွေဝင် ပါးစပ်ထဲရေတွေဝင်ပြီး အသက်ရှုတွေပါကျပ်လာသည်။

လည်တာမှမွတ်နေသည့်Chanyeolတစ်
ယောက်ခုမှ ဘာဖြစ်နေတာလဲ နားလည်လာ
သည်။

...ဟင် …ဟေ့ မင်း မင်း ရေနစ်နေတာလား!!!

...အဟွပ် …အဟွပ် ရေ ဖလူး  ရေ နစ် နေ ဖူး းးး

ဟင် ရေနစ်နေတာတဲ့။
Chanyeol တစ်ယောက် အိမ်ပေါ်ထပ်ကနေ ဝုန်းဒိုင်းပြေးဆင်းလာခဲ့သည်။ ဪ ဒီကလေးနှယ် ရေမကူး
တတ်ဘဲ ရေထဲခုန်ဆင်းရတယ်လို့

...မကြောက်နဲ့ Baekကိုယ်လာပြီ မကြောက်နဲ့

Chanyeol တစ်ယောက်ရေထဲခုန်ဆင်းတော့မလို
နဲ့ ဖိနပ်အရင် ချွတ်နေသည်။

မဖြစ်ဘူးလေ ဖိနပ် ထဲရေ တွေဝင် ကုန်ရင်ခက်မယ်…ဈေးကြီးကြီးပေးဝယ်ထားရတာ…ပျက်စီးဖို့ကလွယ်တယ်…

အမွှေစိန်ပေါက်စအားချစ်မိခြင်း (Complete)Donde viven las historias. Descúbrelo ahora