2

899 76 0
                                    

တာဝန်ကျေသွားရှာပါတယ် ။ သွားလေသူကြီးကတော့တကယ့်ကိုတာဝန်ကျေသွားရှာပါတယ်။

အဲလေ...မသိရင်Suhoကသေရွာသွားသလိုလို။
တကယ်တမ်းကျတော့လည်းဆိုလိုချင်တာအဲ့ဒီသဘောမျိုးမဟုတ်ပေမယ့်ပြောချင်တာကတော့ အဲ့ဒီသဘောမျိုးပါပဲ။

ဘာလို့လဲဆိုတော့သူဖွင့်ထားတဲ့မုန့်ဆိုင်လေးအတွက်မပူမပင် ရအောင်စီစဉ်ထားခဲ့ခြင်းပါ။ မုန့်လုပ်တာတော်တယ်ဆိုတဲ့ kai ။ မုန့်အတွက်ဆိုဘာမုန့်လာလာကျွမ်း
ကျင်စွာလုပ်ကိုင်နိူင်လေတဲ့ kai။

baekကတော့ပြောရှာပါသည်။သူလဲချောက
လက်ကိတ်တွေလုပ်ရပါများလွန်းလို့ သူ့အသားအရေကချောကလက်နဲ့တူသွားတာတဲ့။kaiကိုမြင်လိုက်ရင်ချောကလက်တုံးကြီး
မတ်တပ်ရပ်နေတဲ့ အတိုင်းပဲတဲ့။

ကော်ဖီ အတွက်လဲပူစရာမလို။ ကော်ဖီဆိုဘာလာလာလျှာပေါ်အရသာ စွဲကျန်နေအောင်ဖျော်တတ်တဲ့ kyungsoo ကရှိနေပြန်သည်။ သူကကျ မျက်လုံးလေး
ပြူးတူးတူးနဲ့ဖြစ်သည်။

chenကပြောရှာပြန်သည်။အဝေးကနေလှမ်း
ကြည့်လူအရင်မမြင်ရဘူး။ မျက်လုံးနှစ်လုံး အရင်မြင်တာနဲ့kyungsooမှန်းသိနိူင်သည်တဲ့။တစ်ခါတစ်လေပြူးမြဲတိုင်းပြူးနေလို့ မျက်တောင်မှ ခတ်ရဲ့လားလို့သံသယ
ဝင်မိတယ်ဆိုပဲ ။

အင်း....suhoဘက်ကအဲ့လိုအစစအရာရာအ
ဆင်ပြေအောင် လုပ်သွားပေးရှာတာ။ အငယ်နှစ်ကောင်ကိုကျောင်းပို့ပြီးရင် chanyeolအတွက်အပျင်းပြေစရာ
ဒီဆိုင်လေးမှာဝင်ကူနေလိုက်ရုံပဲ ။

အဲ့လိုမကူချင်ဘူးဆိုလဲ ဂစ်တာတစ်လုံးနဲ့ ပျော်မွှေ့နေလေမှာပေါ့။ခုတော့ဒီအငယ်နှစ်
ကောင်နဲ့ နှစ်ပါးသွားလေးကလိုက်ဦးမယ်ဗျာ..

...ဟေ့ကောင်တွေထကြတော့မနက်ခြောက်နာရီထိုးနေပြီကွ…!!!!

ဩရှရှနဲ့အသံကြီးတစ်သံကchenbaekနားထဲမှာငှက်ဆိုးထိုးသံလေလားထင်မှတ်မိသည်။ဆိုးရွားလှချည်ရဲ့..><

...ဟေ့ကောင်တွေ အော်နေတာ မကြားဘူးလား ထကြတော့…!!!!
အော်ရသူအဖို့ လိပ်ကောင်းမထွက်ရုံတစ်မယ်…
အသံပါဝါကောင်းလှပါသည်ဆိုသော မြန်မာ
နိူင်ငံက ဖြူဖြူကျော်သိန်းတောင်Chanyeol
လောက် အော်နိူင်မည်မထင်…

အမွှေစိန်ပေါက်စအားချစ်မိခြင်း (Complete)Место, где живут истории. Откройте их для себя