17(Final episode)

8.3K 347 10
                                    


ဒဏ်ရာတွေကျက်ဖို့ လုံလောက်တဲ့အချိန်က ဘယ်လောက်လဲ

အရင်က ကျွန်မစကားမပြောရင်မနေတတ်ခဲ့တဲ့ ကလေးငယ်က ခုတော့ ကျွန်မကိုစကားမပြောချင်ဘူးလို့ဆိုတယ်

မျက်ဝန်းတွေကိုမြင်ရုံနဲ့ ဒဏ်ရာတွေက အသစ်ဖြစ်တတ်တယ်မဟုတ်လား

ဒီလိုနဲ့ပဲ အဝေးဆုံးဝေးကြတယ်
ကျွန်မ လှမ်းမြင်ရုံ...ဖက်ပွေ့ထားလို့မရနိုင်တဲ့ တစ်နေရာမှာ သူမအခြေကျတယ်

မညိုသင့်ပဲညို
မစိုသင့်ပဲစိုခဲ့တဲ့ မိုးရေတွေကြား
ငေးကြည့်ရုံကလွဲပြီး မတတ်နိုင်ခဲ့ဘူး
ထပ်ပြီး..ကျွန်မကိုမြင်တာနဲ့..နာကျင်နေမှာစိုး

ဒီအချိန်မှာ ချစ်ခြင်းမေတ္တာက သုံးစားမရတဲ့နာရီအဟောင်း ဖြစ်တယ်
မြင်ရုံနဲ့...လွမ်းဆွေးပြီး နာကျင်ရရုံကလွဲ
ဘာကိုမှ ရေရေရာရာ မတတ်နိုင်

ကလေးငယ်က အရင်လို နာကျင်စရာတွေကိုမုန်းတုန်းထင်ပါရဲ့
နာကျင်စရာတွေရဲ့အဝေးကိုပြေးထွက်သွားခဲ့တာပဲ

နွေဦးနဲ့ဆောင်းဦး ဆယ်ကြိမ်လည်ပတ်ပြီးတဲ့အခါ ကလေးငယ်ဆီကို ကျွန်မသွားတယ်
သွားတယ်ဆိုတာထက် လက်တစ်ကမ်းကိုအမီလိုက်တဲ့သဘော
ကျွန်မဆီကပြေးထွက်သွားသူဆီကို ပြန်ပြေးလိုက်တဲ့သဘော

ငယ်က ကျွန်မကို ကြင်ကြင်နာနာကြည့်တယ်
သူ့မျက်ဝန်းတွေမှာတော့ နာနာကျင်ကျင်အရိပ်အယောင်တွေနဲ့

"ဘယ်လိုလုပ်ရမလဲ
ဟင့်အင်း...ဘယ်လိုလုပ်သင့်လဲ
ငယ်ဘယ်လိုလုပ်သင့်လဲဟင်"

နောက်ထပ်ဆုံးရှုံးစရာ ဘာမှမရှိတော့တဲ့ ဘဝနှစ်ခုကို
သူမြင်တယ်
သူကြားတယ်...သူသိရက်နဲ့
တစ်စုံတစ်ယောက်လိုပဲ သူတွေဝေနေခဲ့တယ်

သိပ်သဘောထားကြီးတဲ့ ကောင်မလေးဟာ ကိုယ့်ကိုယ်ကိုယ်သတ်သေသွားတဲ့ လူသတ်သမားကို ခွင့်မလွှတ်နိုင်ဘူးတဲ့

.....

လွန်ခဲ့သော ဆယ်နှစ်...

အန်တီဂရေစ့်လို့အမြဲသိခဲ့တဲ့ ဆောင်းသက်နှင်းဆိုတဲ့ အမျိုးသမီးကို လက်ဆွဲပြီး ငယ်ထွက်သွားခဲ့တယ်

ချစ်သော...ငယ်On viuen les histories. Descobreix ara