" ဒီသစ်တွေက ပင်လယ်ပြာဝါဂွမ်းပင်ကနေ ရတာလေ .. အဲ့ဒီသစ်ပင်တွေက အရမ်းအဖိုးတန်တယ် .. နှစ်တစ်သောင်းအထက် သက်တမ်းရှိတဲ့ အပင်ဆိုရင် သူတို့ရဲ့ မျက်နှာပြင်ကနေ အပြာဖျော့ဖျော့ ရောင်ချည်တွေ ထုတ်လွှတ်နိုင်ပြီး ..  အဲ့ဒီရောင်ခြည်တွေက ဘယ်လို စွမ်းအင်မျိုးကိုမဆို စုပ်ယူနိုင်တယ်တဲ့ .. ပင်လယ်ရေမြှုပ်တွေနဲ့ အတူတူပဲ သူတို့ရဲ့ စုပ်ယူနိုင်စွမ်းက သက်တမ်းကိုလိုက်ပြီး တိုးလာကြတယ် .. "

လင်းရှောင်သည် ယူရှောင်မိုအနောက်မှ လိုက်လာရင်း ရှင်းပြလေသည် ။

ယူရှောင်မိုသည် ၎င်းပင်လယ်ပြာ ဝါဂွမ်းပင်မှရသော သစ်သားဖြင့် ပြုလုပ်ထားသည့် နေရာများအား ထိကိုင်ကြည့်လိုက်သည်၊ ၎င်းမှာ နူးညံ့သော်ငြား ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ ရှိလှပြီး ပင်လယ်ရေမြှုပ်များအား ထိတွေ့နေရသကဲ့သို့ပင်၊ ယူရှောင်မိုသည် စိတ်လှုပ်ရှားစွာဖြင့် လင်းရှောင်အား မေးလိုက်လေသည် ။

" ဒီအပင်တွေ သက်တမ်း ဘယ်လောက်လောက် ရှိပြီလို့ ထင်လဲဟင် "

" ပုံမှန်ဆိုရင်တော့ .. နှစ်ပေါင်း တစ်သိန်းခွဲလောက် ရှိနေလောက်ပြီပေါ့ "

ထိုစကားအား ကြားပြီးနောက် ယူရှောင်မို မျက်လုံးများပြူးကာ ဆွံ့အသွားလေတော့သည် ။







နံရံများ၊ မျက်နှာကျက်များနှင့် ကြမ်းပြင်များမှ အပ စွမ်းရည်လေ့ကျင့်ရေးခန်းမ၏ ကျန်အစိတ်အပိုင်း အားလုံးအား ၎င်းသစ်များဖြင့် တည်ဆောက်ထားသည်၊ ဘေးဘက်ရှိ ကျမ်းစာအုပ်များ တင်ထားသောစင် အားလုံးကိုလည်း ၎င်းသစ်ဖြင့် ပြုလုပ်ထားသည်၊ ကျမ်းစာအုပ်များအား လေးထောင့်ပုံစံ အခန်းအကွက်ငယ်များဖြင့် သပ်သပ်ရပ်ရပ် ခင်းကျင်းထားပြီး ၎င်းအကွက်ငယ်များအား ပင်လယ်ပြာဝါဂွမ်းပင်မှ ထွက်သော အလင်းဖျော့ဖျော့ တစ်မျိုးမှ ရစ်သိုင်း ယှက်နွယ်လျက် ရှိသည် ။

အကယ်၍ ကျောင်းသားများသည် ၎င်းကျမ်းစာအုပ်များအား ထုတ်ယူလိုလျှင် မိမိတို့၏ ကဒ်အတွင်းမှ အမှတ်များဖြင့် လဲလှယ်ရမည် ဖြစ်သည်၊ ကျမ်းစာအုပ်များ၏ တန်ဖိုးအား ၎င်းဘေး၌ ဖော်ပြထားပြီး ပေးချေမှု ပြုလုပ်ပြီး မှသာ ၎င်းကျမ်းစာအုပ်အား လက်ဝယ် ပိုင်ဆိုင်နိုင်မည် ဖြစ်သည် ။

The Legendary Master's Wife (Myanmar Translation)Where stories live. Discover now