Arc(3.5)ဗီလိန်လေးရဲ့လမ်းကြောင်းကိုပြင်ပေးပါ

4.5K 505 27
                                    

ဂျွန်အိမ်တော်ကြီးဟာကြီးမားသည်။
အဖြူရောင်ဆေးတွေနဲ့ သုံးထပ်တိုက်ကြီးဟာခမ်းနားလို့နေသည်။
ခြံရှေ့တွင်ရေပန်းခုံလေးရှိနေပြီး
သုံးဆင့်ရှိကာ တဖွားဖွားကျနေပုံက
မြူးတူးနေသည့်ခွေးပေါက်ကလေးနှင့်တူသည်။
ဘေးဘက်တွင်တော့ မြက်ခင်းစိမ်းစိမ်းနှင့်
သူမအမည်မသိသောပန်းပင်လေးများရှိနေသည်။
သူမကိုယ်ပေါ်ကရစ်ချတ်အင်္ကျီကနွေးလို့နေပြီး
ရစ်ချတ်ကလည်းသူမကိုသိုင်းဖက်ထားသည်။
အိမ်ကြီးရှေ့က ဖက်ကာလမ်းလျှောက်လာသော စုံတွဲ၏ပုံရိပ်နှင့် နေ၀င်ချိန်သည်ပနံသင့်လို့နေသည်။
ဒါက လှပတဲ့မြင်ကွင်းလေးတစ်ခုပင်~~

ထိုမြင်ကွင်းကို အစေခံတွေကတအံ့တသြကြည့်ကာ
တစ်ချိန်တည်းမှာပင် ၀မ်းသာနေကြသည်။
သူတို့၏သခင်မသည် သခင်ကြီးကိုခင်တွယ်လာပြီမဟုတ်ပါလား~~

အန်တီရို့စ်ကတော့ တည်ငြိမ်လို့နေသည်။
သူမဆေးရုံစောင့်ပေးစဥ်က ထိုထက်ဆိုးတာမျိုးကြုံဖူးပြီးပြီ ဥပမာ~အစားစားနေရင်းသလင်မနှုတ်ခမ်းကိုနမ်းလိုက်တာတို့၊ အကြင်နာပေးလွန်နေ၍ ဆရာ၀န်တိတ်တိတ်လေးပြန်သွားရတာတို့ပေါ့။

သခင်မလေးသည် ထူးဆန်းသည်ထက် အခြားလူတစ်ယောက်လို ပြောင်းလဲလို့သွားသည်။
ဒါကကောင်းငောပြောင်းလဲခြင်းဖြစ်ရန် မျှော်လင့်ရတော့မည်။

လုစီယာတို့အိမ်ထဲ၀င်သွားပြီးနောက် သူမအိပ်ခန်းသို့သွားလိုက်သည်။
မူလယစီယာ၏အခန်းသည် အရောင်းမှိုင်းမှိုင်းဖြစ်ကာ
ကြောက်စရာကောင်းနေသည်။ သူမဘယ်လိုပင်စိတ်ခိုင်သူဖြစ်ပါစေ။
ဗိုက်ထဲမှာကလေးလေးရှိနေတာကြောင့်
ဒီလိုထိုင်းမှိာက်းမှုမျိုးမရစေချင်။
ထို့အပြင် သူမနေအိပ်ခန်းသည်လည်း
ရစ်ချတ်နှသ့် သီးသန့်ဖြစ်လို့နေသည်။
သူမ ရစ်ချတ်အိပ်ခန်းသို့၀င်ရန်အကြံထုတ်ရပေဦးမည်။
ဟီး ဟီး~~~~

သူမခနနားပြီးတော့ ညစာစားရန်ရစ်ချတ်လာခေါ်သဖြင့် အောက်ထက်သို့ဆင်းလာခဲ့သည်။
ညစာအေးဆေးစွာစားပြီးနောက် သူမအချိုပွဲကိုယူကာ
TVရှေ့တွင် ကာတွန်းကားထိုင်ကြည့်တော့သည်။

System~ငါလေးကကြာပန်းဖြူတွေမုန်းတယ်(Book-2)Tempat cerita menjadi hidup. Temukan sekarang