Arc(4.4)My Vampire father is kind

2.5K 257 17
                                    

AMDAတောအုပ်အတွင်း၌......

အနက်ရောင်အပြင်အဆင်နှင့် အခန်းကျယ်ကြီးထဲ၌
လူအယောက်၂၀ခန့်စုစည်းနေကြသည်။

"အရှင်သည် ကျွန်ုပ်တို့၏အသက်အား
အမှောင်နည်းဖြင့် ဆက်စေသူဖြစ်သည်။
အကျွန်တို့၏ သေဆုံးပြီးသောခန္ဓာကိုယ်အား
သခင့်စွမ်းအားဖြင့်နိုးထစေခြင်းကြောင့် တစ်ဖန်ပြန်လည်ရှင်သန်လာခဲ့သော ခန္ဓာကိုယ်သည်
သခင်ပိုင်စားရာဖြစ်ပါ၏။"

ထို့နောက်ထိုလူတို့သည်  သားရဲကြီးတစ်ကောင်ပုံ ထုထွင်းထားသော ပုလ္လင်ပေါ်ရှိ လူအားအရိုအသေပေးကြလေသည်။

ထိုသူကား............

အမှောင်တို့၏ သခင်ဟု ကျော်ကြားသည့်
အာဒန်နာဖြစ်လေသည်။

"လင်းနို့ ၁
သူမရဲ့အကြောင်းဘာတွေထူးခြားတာရှိသလဲ"

အာဒန်နာက သူ၏အနီးဆုံးအစေခံကို မေးလေသည်။ ဖြစ်နိုင်လျှင်  သူကိုယ်တိုင်အနီးကပ်သွားရောက်စုံစမ်းချင်ပေမယ့်
သူ့ကိုယ်က မကြာသေးမီကရထားသည့်ဒဏ်ရာကြောင့် အမှောင်စွမ်းအားများကို တိုသိမ်းထားနိုင်ခြင်းအလုံအလောက်မရှိ၍ သည်းခံနေခြင်းဖြစ်သည်။

"သူမ အစစအရာရာအဆင်ပြေနေပါတယ်အရှင်"

ထို့နောက် သူ၏အမည်းရောင်၀တ်ရုံရှည်အောက်က အပြာရောင်ကျောက်လေးကိုထုတ်ကာ အာဒန်နာအားဆက်သလိုက်သည်။
ထိုကျောက်လေးထဲတွင် သူမ၏တစ်နေ့တာလုပ်ရပ်များကို မှတ်တမ်းတင်ထားသည်မှာမလွဲပေ။ ယခုအခါ သူ၏ဒဏ်ရာ​ေကြာင့်
စိတ်ချင်းဆက်သွယ်ကာ တိုက်ရိုက်မြင်ရသည့် နည်းလမ်းမျိုးကို အသုံးမပြုနိုင်သေးပေ။

အာဒန်နာက အပြာရောင်ကျောက်ကလေးကို ယုယစွာကိုင်တွယ်ကာပင် အဆောင်တွင်းသို့ ပြန်လည်၀င်ရောက်သွားတော့သည်။

အမည်းရောင်၀တ်ရုံရှည်နှင့် ဂုတ်ထောက်ရှိသော​ေရွှအိုရောင်ဆံနွယ်များကိုသေသပ်စွာဖြီးသင်ထားပြီး  ငွေရောင်မျက်နှာဖုံးကို တပ်ထားသည်။ တစ်၀က်သာမြင်ရသော မျက်နှာအစိတ်အပိုင်းများက သူသည်ယောကျ်ားပီသစွာ ဆွဲဆောင်မှုရှိသူတစ်ယောက်ဟုဆိုနိုင်သည်။ ပန်းသွေးရောင်သန်းနေသော နှုတ်ခမ်းပါးများက ကျေနပ်ဟန် ကွေးညွှတ်လို့သွားတော့သည်။

System~ငါလေးကကြာပန်းဖြူတွေမုန်းတယ်(Book-2)जहाँ कहानियाँ रहती हैं। अभी खोजें