Arc(4•5)My Vampire Father is kind!

1.3K 123 18
                                    

{Hello host}

၀စ်စတန်၏လက်မောင်းအတွင်းမှာနေရင်း
206အသံကြားမိတော့ ပျော်သလိုလ်ိုတော့ရှိသား....... .

{အင်း ပြော}

{Hostအရမ်းသာယာနေပါလား}
လာလာချင်းစကားနာထိုးနေသော 206ကို
မျက်စောင်းတစ်ချက်ပေးကာ မိမိသိလိုသည်များကိုသာ အစ်ထုတ်ရန်စဥ်းစားလိုက်သည်။
ဘ၀သုံးခုဖြတ်ကျော်ပြီးနောက် သည်ပါချီပါချတ်systemလေးရဲ့အနားနည်းချက်တွေက်ို
သတိထားမိခဲ့ပြိးဖြစ်သည်။

{၀စ်စတန်က သွေးဖြူမျိုးနွယ်တစ်ယောက်၊ သွေးဖြူနဲ့သွေးနက်ဆိုတာ ကမ္ဘာ့ရန်သူတွေပဲ။ သူတို့နှစ်ယောက်ကဘာတွေလား။
ငါ့ရဲ့ခြောက်ခုမြောက်အာရုံကတကယ်မှန်နေတယ်လို့တော့မပြောနဲ့}

{hostရဲ့မှောင်မိုက်နေတဲ့စိတ်ကြီးနဲ့မတွေးစမ်းပါနဲ့။ သူတို့က ဟိုးငယ်ငယ်လေးကတည်းကအတူရှိလာတာလေ။hostဆိုရင်ရော မျိုးနွယ်မတူတာနဲ့ ငယ်ငယ်လေးကတည်းကခင်လာတဲ့သူငယ်ချင်းကို  ပစ်ပယ်မှာလား}

{ကံမကောင်းစွာနဲ့ ငါ့မှာသူငယ်ချင်းမရှိဘူး}

{ဟွန့် သိသားပဲ။
Hostကအာ့ကြောင့်မို့ပေါက်ကရတွေးထွက်တာ။။}

206လည်းဤစွာ လွန်းသော
သူ၏hostကို ဘာမျှမပြောတော့ဘဲ
လိုင်းဆင်းသွားတော့သည်။

ကတ်သီ ၀စ်စတန်၏လက်မောင်းထဲတွင်နေရင်းစဥ်းစားမိသည်။ သူမ၏ယခုလက်ရှိအခြေအနေသည် လူတိူင်းသွားရည်တများများကျနေသည့် အသားတုံးနှင့်တူလှသည်။ ဤကမ္ဘာတွင်မည်သူက ဇာတ်လိုက် မည်သူကဗီလိန်ဘော့စ်လို့ပင်ပြောပြမထား။

အား တကယ်ပဲငါလေးကိုသေစေချင်နေတာလား!

မူလကတ်သရင်းသည် အသက်၅နှစ်အထိအေးချမ်းသောဘ၀ကိုပိုင်ဆိုင်ရခဲ့သည်။
သူမအခုမှ ၃နှစ်ခွဲသာရှိသေးသည်။
သူမအချိန်၁နှစ်ခွဲကြီးများတောင်ရသည်။
သူမဘယ်အရာများကိုသင်ယူရမည်လဲဟု စဥ်းစားကြည့်တော့ ၃နှစ်ခွဲနှင့် လုပ်နိုင်သည်က
များများမရှိလှ။ အန်ဒါနှင့်လူး၀စ်တို့ကို တာ့်အောင်ကပ်ပေါင်းထားပြီး သူမကိုကာကွယ်ပေးရန်သာ မျှော်လင့်ရတော့မည်ဖြစ်သည်။
သူမအတွေးနှင့်သူမတော့ ဟုတ်နေသည်။

You've reached the end of published parts.

⏰ Last updated: May 28, 2022 ⏰

Add this story to your Library to get notified about new parts!

System~ငါလေးကကြာပန်းဖြူတွေမုန်းတယ်(Book-2)Where stories live. Discover now