Epi-15

3K 254 8
                                    

Unicode

တတ တစ်ယောက် ဘထွေးနှင့်ထမင်းစားပြီးသည်နှင့် စကားများပြောနေရင်း မျက်လုံးများစင်းလာသည်မို့ ဘထွေးရဲ့သစ်သားကုလာထိုင်ဘေးတွင် မှေးခနဲအိပ်ပျော်သွားတော့သည်။အပူအပင်ကင်းစွာနှင့်ပေါ့။

ဖျတ်ခနဲ ပွင့်လာတဲ့လှပသော မျက်ဝန်းတစ်စုံသည် တိုင်မှာထားသော နာရီအား တစ်ဖန်ပြန်လှည့်ကြည့်လိုက်သည်။ အချိန်ကား ၃နာရီ။
'အော် ၃နာရီရှိပြီပဲ' ဟု စိတ်ထဲတွေးလိုက်ရင်း မျက်လုံးများကို ပြန်မှိတ်လိုက်မိတော့ မနေ့က ကြည့်ကောင်းသော မျက်နှာရူးနှင့် တွေ့ဖို့ ချိန်းထားခဲ့သည်ကို ရုတ်တရက် သတိရသွားသည်။အမြန်ကုန်းထလိုက်ပြီး မတ်တပ်ပင် ထရပ်လိုက်မိသည်အထိပင်။

"ဟာ ငါ မေ့နေတာ ကြည့်စမ်း ငါ လုံးဝမေ့နေခဲ့တာ အခုချိန် သူ စောင့်နေပါအုံးမလား ဒါမှမဟုတ် ဂတိမတည်ဘူးဆိုပြီး ပြန်များသွားပြီလား မသိဘူး"

နှုတ်ကလည်းပြောနေရင်း လူကလည်း အလာတုန်းက ပါလာသော ပစ္စည်းများကို သွားယူနေချေပြီ။ အကုန်ပါအောင် ပြန်ထည့်ပြီးပြီမို့ အိမ်ပြန်ဖို့ရာ ခြေလှမ်းများကို အလုပ်ပေးလိုက်တော့သည်။

အိမ်အောက်ကို ရောက်တော့ အဖွားက လှမ်းမေးလေသည်။

"မြေး ပြန်တော့ဖို့လား ညနေ ပြန်လာအုံးဖို့လား"

"ပြန်လာဖြစ်ချင်မှ ပြန်လာဖြစ်မယ် ထင်တယ် အဖွား မြေး ပြန်ပြီနော်"

အဖွားအား အမြန်နှုတ်ဆက်ကာ ခြေလှမ်းတွေကို မြန်စွာ လျှောက်လှမ်းရင်း စိတ်ထဲမှလည်း တစ်ခုခုကို မျှော်လင့်နေမိတော့သည်။

'သူ စောင့်နေပါ့မလား စောင့်နေပါစေ စောင့်နေပါနော် အရောက်လာပါ့မယ်'

တတ အိမ်သို့အရင်ဝင်ကာ ပစ္စည်းများကို အမြန်ဝင်ထားတော့ ဒေါ်လေးက လှမ်းမေးလေသည်။

"သား အခုမှပြန်လာတာလား ဘာတွေ အလျင်လိုနေတာလဲ "

"ဘာမှမဟုတ်ဖူး ဒေါ်လေး ဒါနဲ့ မေမေတို့ရော"

"သား မေမေတို့ ဘုန်းကြီးကျောင်းသွားကြတယ် ဆရာတော်ခေါ်လို့ "

𝑴𝒚 𝑰𝒏𝒗𝒂𝒍𝒖𝒂𝒃𝒍𝒆 𝑭𝒂𝒏 (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)حيث تعيش القصص. اكتشف الآن