Chapter(209) - ငါ့မှာအာကာသအဆင့်ဆေးလုံးရှိတယ်

Start from the beginning
                                    

"ဟီး" ကျုံးလီရှန်ကမရိုးမသားနဲ့ပြုံးလေသည်။

"အဲ့ဒီတော့သူကမီးတောက်တိမ်တိုက်မီးဖိုကိုတောင်ထွင်းထုနိုင်တာပေါ့..ကြည့်ရတာမင်းရဲ့အကိုကြီးကတော်တော်လေးစွမ်းရည်ရှိပုံပဲ"

"ဒါကတော့သေချာပေါက်ပဲလေအကိုကြီးကအရမ်းကိုမယုံနိုင်စရာကောင်းတာသူကအရာအားလုံးသိတယ်"

ယန်ထျန်းဟန်ကတော့လင်ရွှမ်းဇီကိုချီးကျူးရမယ်ဆိုရင်တွေဝေနေခြင်းအလျင်းမရှိပေ။

ကျုံးလီရှန်ကသူ့ကိုမျက်စောင်းထိုးကြည့်ပြီး 'ဒီကလေးကအရောင်းခံလိုက်ရပြီဒါပေမဲ့ရောင်းလိုက်တဲ့သူကိုအကျိုးအမြတ်တွက်ပေးနေတုန်းပဲ'ဟုတွေးလိုက်မိပြီးမှဆက်ပြီးရှင်းပြပေး၏။

"မီးတောက်တိမ်တိုက်ကျောက်တုန်းကမီးနဲ့ယန်ဂုဏ်သတ္တိရှိတယ်ဆိုပေမယ့်ဆေးလုံးမီးဖိုအဖြစ်သန့်စင်ပြီးသွားရင်လုံးဝသန့်စင်တဲ့ယန်စွမ်းအင်မဟုတ်တော့ဘူး,မီးတောက်တိမ်တိုက်ကျောက်တုန်း—သူ့နာမည်ကိုကသူ့မှာရွှေနဲ့ကမ္ဘာဂုဏ်သတ္တိတွေရောပါနေတယ်ဆိုတဲ့အဓိပ္ပါယ်သက်ရောက်တယ်...ဂုဏ်သတ္တိတွေအများကြီးရောနှောသွားတော့အဲ့ဒါကသန့်စင်တဲ့ယန်မဟုတ်တော့ဘူးလေ"

ယန်ထျန်းဟန်မှာချက်ချင်းစိတ်ပျက်မှုတစ်ချို့ခံစားလိုက်ရသည်။

"ဒါဆိုကြည့်ရတာကျွန်တော်နဲ့သင့်တော်တဲ့မီးဖိုဒီကမ္ဘာမှာမရှိတော့ဘူးထင်ပါတယ်"

ကျုံးလီရှန်ကအာမခံပြီးပြောလိုက်သည်။

"သေချာပေါက်တစ်ခုတော့ရှိမှာပါမင်းစိတ်ချထားလို့ရတယ်"

ယန်ထျန်းဟန်ရဲ့မျက်လုံးများမြင့်တက်သွားရသည်။

"ကျွန်တော်ဘယ်လိုရှာလို့ရနိုင်မလဲ?"

ကျုံးလီရှန်ကသူ့မျက်လုံးများကိုကျဉ်းမြောင်းလိုက်ပြီးယန်ထျန်းဟန်ရဲ့သေးငယ်တဲ့ရုပ်ဆိုးဆိုးမျက်နှာလေးကိုလေ့လာလိုက်သည်။

"အကယ်၍မင်းဒီမှာနေပြီးငါ့တပည့်ဖြစ်လာမယ်ဆိုရင်သန့်စင်တဲ့ယင်ဆေးလုံးမီးဖိုကိုသေချာပေါက်မင်းကိုကူညီပြီးရှာပေးမှာပေါ့"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now