Epi-13

2.8K 233 6
                                    

Unicode

လုပ်စရာရှိတဲ့အလုပ်တွေ အားလုံးပြီးစီးသွားတော့ အချိန်ကား မနက် ၈နာရီခွဲ။ ဘုန်းကြီးကျောင်းသို့ ပို့ရန်ဆွမ်းချိူင့်မှာလည်း အဆင်သင့်ဖြစ်နေလေပြီ။ ဒေါ်လေးက

"သားတရေ ဒေါ်လေးတို့ ၁၀ နာရီလောက် သွားပို့ရအောင် စောစောသွားပို့လည်း အတူတူ ဆရာတော်ဘုရား ဘုန်းပေးခါနီးမှ သွားပို့မယ်လေ"

"ဟုတ် ဒေါ်လေး "

တူဝရီးနှစ်ယောက် စကားပြောနေတုန်း အိမ်ထဲကို ဦးလေးကြီးတစ်ယောက်နှင့် အသက်ငယ်ငယ် ကလေးတစ်ယောက် ဝင်လာလေသည်။ ကိုယ့်အကြောင်းမဟုတ်သည်မို့ ဒေါ်လေးရှိရာ မီးဖိုချောင်ကို ဝင်ဖို့အလုပ် ခုနက ဝင်လာသော ဦးလေးကြီးက စကားပြောလာသည်မို့ မဝင်ဖြစ်ပဲ အမေတို့၏ စကားဝိုင်းတွင်းသာ ဝင်ခဲ့လိုက်တော့သည်။

"အစ်ကိုကြီး သားလား ချောတာပဲ ဘယ်နှတန်းရောက်ပြီလဲ"

တတ ဖြေမလို့ ပြင်လိုက်စဥ်

"သားက တက္ကသိုလ် ဒုတိယနှစ်လေ အခုကျောင်းပိတ်လို့ ခန လိုက်လာတာ"

အဖေက ဝင်ဖြေလိုက်သည်။

"သား ပျင်းရင် ဒီမှာ အိမ်ကကောင်ကို သွားချင်တဲ့နေရာ လိုက်ပို်ခိုင်းသိလား အားမနာနဲ့ ဒီကောင်က နေရာဆုံ အကုန်သိတယ် "

မိမိအားပြောလာလေသဖြင့်

"ဟုတ်ကဲ့ ဦးကြီး "

ပြန်ဖြေရင်း ဦးကြီးဘေးမှ သူ့သားဆိုသည့် ကောင်ငယ်လေးအား ပြုံးပြလိုက်တော့ ထိုကောင်လေးလည်း ပြန်ပြုံးပြလာလေသည်။စကားစမည် ပြောကြရင်း ထိုကောင်လေးနှင့် တတ ရင်းနှီးလာသလို ခံစားရသည်။စကားပြောနေကြရင်း ဒေါ်လေးက မီးဖိုချောင်မှထွက်လာတာကို မြင်တော့ ဦးကြီးက လှမ်းမေးလိုက်သည်။

"မလုံး ဘယ်သွားမလို့လဲ"

"ဘုန်းကြီးကျောင်း ဆွမ်းချိူင့်သွားပို့မလို့ဟ သားရေ ၉နာရီကျော်နေပြီ သွားကြရအောင်"

ဒေါ်လေးပြောကာမှ တတ တိုင်မှာကပ်ထားသောနာရီအား အကြည့်ပို့လိုက်မိသည်။ အလာဘ သလာဘ ထွေရာလေးပါး ပြောနေတာ ဘယ်အချိန်ရှိသွားသည်ပင် သတိမထားမိ။ ဟုတ်သား ၉နာရီကျော်နေချေပြီ။ထိုင်နေရာမှ မတ်တပ်အမြန်ထရပ်လိုက်ပြီး

𝑴𝒚 𝑰𝒏𝒗𝒂𝒍𝒖𝒂𝒃𝒍𝒆 𝑭𝒂𝒏 (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)Where stories live. Discover now