Epi-12

3.2K 253 10
                                    

Unicode

အချိန်သည်ကား မနက် ၆နာရီ။ ညက အအိပ်နောက်ကျပေမဲ့လည်း စောစီးစွာနိုးနေလေသည်။အိပ်ရာအပြောင်းအလဲကြောင့်ဖြစ်မည်ဟု တတ ထင်သည်။ ယခုချိန် အိမ်ပြင်ဘက်အား ထွက်ကြည့်လျှင် မည်သည့်အရာမှ သဲသဲကွဲကွဲမြင်ရမည် မဟုတ်။အကြောင်းမှာမူ ဥတုမှာ နွေရာသီဖြစ်သော်လည်း ဆောင်းဓာတ်ကျန်နေသေးသည်ဟု ပြောရမည်။ ပတ်ဝန်းကျင်တစ်ခွင်လုံး နှင်းများဖြင့် ဖုံးလွှမ်းနေတတ်သည်မို့။ တတ ပြန်အိပ်လို့မရတော့၍ လှုပ်လှုပ်ယွယွဖြစ်သွားသည်မို့ထင် ဘေးမှ ဒေါ်လေးမှ နိုးလာလေသည်။ ဒေါ်လေးက စောင်ခေါက်သိမ်းနေရာမှ သူ့အားကြည့်နေသော မိမိအား......

"သား ဒီနေ့ ဒေါ်လေးတို့အိမ် ဘုန်းကြီးကျောင်းဆွမ်းချိူင့်ပို့မလို့ လိုက်မလား"

"ဟုလား လိုက်ချင်တယ် ဒေါ်လေး သားကို ခေါ်နော် သား လိုက်မယ်"

"ဟုတ်ပြီ အဲ့ဒါဆို အခုထပြီး မျက်နှာသစ် သွားတိုက်ပြီး မနက်စာ စားဖို့ ဒေါ်လေးကို ကူမလား ပြန်အိပ်မလား"

တစ်ချက်တွေးလိုက်မိသည်။ပြန်အိပ်ချင်ရင်တောင် အိပ်လို်မရတော့ပြီမို့ ဒေါ်လေးနှင့်အတူ ထရန် ဆုံးဖြတ်လိုက်တော့သည်။

"ထမယ် ဒေါ်လေး သားလည်း ကူပေးမယ်လေ"

တူဝရီးနှစ်ယောက် အတူထကြပြီး မျက်နှာသစ် ၊ သွားတိုက်ပြန်တော့ တတတစ်ယောက် အခက်ကြုံရပြန်သည်။ တုံကင်ရေဆို အနံ့ပင် မခံနိုင်ပါဘူးဆို အခု သွားတိုက် ၊ မျက်နှာပါ သစ်ရမည်ဆိုတော့ သေသာ သေလိုက်ချင်တော့သည်။ မျက်နှာမသစ်ပဲ ရပ်ပြီးတွေးနေသည်ကို ဒေါ်လေးက သိသည့်အားလျော်စွာ.......

"မနေ့ညနေက သားအမေ ကျောက်ဆည်ပိုင်းကို လှယ်ထားပြီး ဟိုးဘက်ခြံက ရေတွင်းကနေ ခပ်ထည့်ထားတာ သား စိတ်ချ လက်ချ သစ်"

အခုမှပဲ ရင်ထဲကအလုံးကြီးရော အလုံးလတ်ရော အလုံးလေးပါ တစ်ခါတည်းကျသွားတော့သည်။ထိုအခါမှ ရပ်နေရာမှ အာရုံပြန်စုစည်းရင်း ကိုယ်လက်သန့်စင်ခြင်းအမှု့ပါ တစ်ခါတည်း လုပ်လိုက်တော့သည်။ ကိစ္စ ဝိစ္စ အားလုံးပြီးလို့ အိမ်ပေါ်ပြန်လာတော့ ဒေါ်လေးက မြန်မာ့ရိုးရာ သနပ်ခါးတုံးကြီးကို မြန်မာလူမျိူးတိုင်းရဲ့အိမ်မှာရှိကြသော ရတနာကြီးဟု တင်စားရလောက်အောင် အဖိုးမဖြတ်နိုင်သော ကျောက်ပျဥ်ကြီးအပေါ်တွင် အားရပါးရ သွေးနေလေသည်။ သနပ်ခါးတွင် အမျိူးအစား ၂မျိူးရှိသည်ဟု သိရသည်။ သနပ်ခါးပွေး အဖြူနှင့် အဝါ ဟူ၍ နှစ်မျိူးရှိသည်။ တစ်ချိူ့က အဖြူပွေးကို ကြိုက်နှစ်သက်ကြသလို တစ်ချိူ့က အဝါပွေးကို ကြိုက်နှစ်သက်ကြသည်။ ခေတ်ရေစီးကြောင်းအရ စီးပွားရေးလုပ်ငန်းလုပ်ကိုင်သော လူများသည် သနပ်ခါးကို အမျိူးမျိူးသော အရာများနှင့် ရောစပ်ကာ အမျိူးမျိူးသော အလှကုန်ပစ္စည်းများကို ဖန်တီးပြုလုပ်လာကြလေသည်။အမျိူးသမီးအသုံးအဆောင်ပစ္စည်းများအပြင် အမျိူးသားများပါ သုံးနိုင်သည့် အမျိူးအစားမျိူးစုံကိုပါ စျေးကွက်ထဲသို့ ထည့်သွင်းရောင်းချနေပြီဖြစ်သည်။

𝑴𝒚 𝑰𝒏𝒗𝒂𝒍𝒖𝒂𝒃𝒍𝒆 𝑭𝒂𝒏 (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)Where stories live. Discover now