🖤 White Dispatch❤️

341 59 192
                                    

Unicode

🖤Night Flowers❤️

🖤White Dispatch❤️

ကျောပိုးအိတ်လွယ်ပြီး အလုပ်ခန်းထဲဝင်လိုက်တာနဲ့ ဆီးကြိုနေတဲ့ မြင်ကွင်းက ရှုပ်ပွနေတဲ့ အလုပ်စားပွဲဖြစ်သည်။

ပန်းစိုပန်းခြောက် ပန်းဝတ်မှုန်ပုလင်းမျိုးစုံ ပန်းအဆီပုလင်းမျိုးစုံနဲ့ စားပွဲတစ်ခုလုံးရှုပ်ပွနေပေမဲ့ ဖွထားတာ သူမဟုတ်တဲ့အလား စိတ်အေးလက်အေးထိုင်နေသူကလည်းရှိသေး။

🖤ရောက်လာပြီလား ဒီစားပွဲလေး အရင်ရှင်းလိုက်ပါဦး

ပထမဆုံးအလုပ်စတက်တဲ့ရက်မှာ သင်ခန်းစာအပေးခံရလိမ့်မယ်ဆိုတာ ကြိုတွေးပြီးသား။ ကျွန်တော်ကကြိုတွေးပေမဲ့ သူကတော့ သူဘယ်လိုသင်ခန်းစာရမလဲဆိုတာ ကြိုတွေးမိမှာမဟုတ်ပါဘူး။

ကျောပိုးအိတ်ကို နံရံကပ်သစ်သားချိတ်မှာ သွားချိတ်ပြီး သူပြောသလိုပဲ စားပွဲပေါ်ကရှုပ်ပွနေတာတွေကို သူ့နေရာနဲ့သူ တစ်စုတစ်စည်းတည်း စုထားလိုက်သည်။

ကော်ဖီတစ်ခွက်ကို ဇိမ်နဲ့သောက်ရင်း ကျွန်တော်လုပ်သမျှ ငြိမ်ကြည့်နေတဲ့သူရဲ့ မျက်နှာက မာထန်လို့။ မကြာခင်မှာ ခင်ဗျားမျက်နှာကြော အဲ့လို ထပ်တင်းနိုင်မလားဆိုတာ ကြည့်ရသေးတာပေါ့။

❤️ စားပွဲရှင်းပြီးရင် ကျွန်တော်ဘာလုပ်ရမှာလဲ

🖤 ဘာမှမလုပ်နဲ့ အချိန်ပြည့်တဲ့ထိ ထိုင်နေ ပြီးရင် ပြန်

❤️ ခင်ဗျားကရော ဘာမှမလုပ်ဘူးလား

🖤မလုပ်ဘူး ငါရေမွှေးတွေစိတ်မဝင်စားဘူး

❤️ခင်ဗျား စိတ်မဝင်စားပေမဲ့ ကျွန်တော်ကတော့ စိတ်ဝင်စားတယ် အဲ့တော့ကျွန်တော်လုပ်တာ ခင်ဗျားဘေးကနေကြည့်ပေါ့

🖤ဒီမှာ မင်းကအလုပ်ရှင်လား ငါကအလုပ်ရှင်လား

❤️အလုပ်ကို အလုပ်နဲ့တူအောင်မလုပ်ချင်တဲ့လူက အလုပ်ရှင်ပုံစံလာဖမ်းနေတာ ရယ်ချင်စရာကြီး အဟက်...

🖤မင်း....

❤️ကျွန်တော့်ကို အလုပ်လွယ်လွယ်ထုတ်ပစ်လို့ မရဘူးနော် ကြိုပြောထားတာ ခင်ဗျားဆီက လိုချင်တာမရမချင်း ဘေးကနေ တစ်ဖဝါးမှ မခွာနိုင်ဘူး

🖤Night Flowers❤️Where stories live. Discover now