🖤 Uprising Heart❤️

304 36 413
                                    

Unicode

🖤 Uprising Heart❤️

အကျွန့်နှလုံးသား မမှောင်မိုက်စေခြင်းငှာ
ကြီးမြတ်သော အလင်းအား ဆင့်ခေါ်ပါမည်
ချစ်ခင်လေးမြတ်သော ဝိညာဉ်အား
ထိုလူသား၏ နှလုံးသားထံပါး
ကိန်းဝပ်‌စေပါ
Amun Ra .....

☀️☀️☀️☀️☀️☀️☀️☀️☀️☀️☀️☀️

ညတွေရောက်တိုင်း ပွင့်မဲ့ပန်းတွေကို ထိတ်လန့်နေသူလောကမှာ ရှိသလား။ ရှိတယ်ဆိုရင် ထိုလူသားဟာ ကျွန်တော်ပဲ ဖြစ်ပါလိမ့်မယ်။ ယောကျာ်းမာနခံနေခြင်းကြောင့် ဘယ်လိုထိုးနှက်မှုကိုမှ ဂရုမပြုပေမဲ့ ဒီထူးခြားတဲ့ ကံကြမ္မာကိုတော့ဖြင့် မျက်ကွယ်ပြုနေလို့စိတ်ကမရပါဘူး။

လက်ရဲဇက်ရဲနဲ့ ကျွန်တော့်ဘဝကိုပါ တက်သိမ်းဖို့ထိ ကြံနေတဲ့ ဒီကောင်လေးဟာ ကျွန်တော့်ညတွေတိုင်းမှာ ပန်းတွေပွင့်စေဖို့ စိန်ခေါ်ထားတဲ့သူဆိုတော့ ဒီညရော သူ့ဆီကဘယ်လိုအတွေ့အထိနဲ့ ပန်းတစ်ပွင့်ရောက်ရှိလာလိမ့်ဦးမလဲ။

နေအလင်းရောင်ချုပ်ငြိမ်းလို့ ညဘက်တွေရောက်တိုင်း ကျွန်တော့်နဂိုမူလစိတ်က မရွှင်မပြဖြစ်တတ်တာ ငယ်စဉ်တည်းကပါ။ တချို့လူတွေရှိတယ်လေဗျာ နေ့ဘက်အလုပ်လုပ်ရတာ နေထိုင်ရတာကို နှစ်ခြိုက်သူနဲ့ ညဘက်အလုပ်လုပ်ရတာ နေထိုင်ရတာကို ကြိုက်နှစ်သက်တဲ့သူဆိုပြီးတော့လေ။ ကျွန်တော့်အတွက်တော့ ညဆိုတဲ့အချိန်ကာလဟာ အိပ်စက်ဖို့ရာအတွက်သာ ကောင်းကောင်းအသုံးဝင်တာပါ။

အခုတော့ ညဘက်ဆိုဘာမှလုပ်ဖို့စိတ်မပါတဲ့ကျွန်တော်ဟာ ကျွန်တော်မနှစ်မြို့တဲ့ အလုပ်ကို ကျွန်တော်သဘောမကျတဲ့ကောင်လေးနဲ့တွဲလုပ်နေရတယ်တဲ့။ ပန်းမကြိုက် ရေမွှေးမကြိုက်တဲ့ ကျွန်တော့်ကြောင့် အိမ်ကမိဘတွေကတော့ သူတို့သားကျွန်တော့်လက်ထက်မှာ မိဘလက်ငုတ်လက်ရင်းလုပ်ငန်းကြီး ပြိုလဲသွားမှာ စိုးနေကြသည်။ အဲ့ဒါကြောင့်လည်း Femနဲ့ ကျွန်တော့်ကို သိပ်မကြာခင်အတွင်းနေရာချထားပေးဖို့ ကြံနေကြပြီလေ။

အရင်ကဆို ပျော်နေမိဦးမှာဆိုပေမဲ့ အခုတော့ ထူးဆန်းစွာပဲ ညခင်းတွေမှာ ပန်းပျိုးနေတဲ့ ရန်သူတော်လေးလောက်တောင် သူ့ကိုစိတ်မဝင်စားတော့ပါဘူး။

You've reached the end of published parts.

⏰ Last updated: Dec 24, 2023 ⏰

Add this story to your Library to get notified about new parts!

🖤Night Flowers❤️Where stories live. Discover now