🖤 Metanoia❤️

300 57 193
                                    

Unicode

🖤Night Flowers❤️

🖤Metanoia❤️

Metanoia တဲ့...

ဂရိဘာသာစကားက စကားလုံးလေးတစ်လုံးဖြစ်ပြီး သူ့အဓိပ္ပါယ်က တစ်စုံတစ်ယောက်ရဲ့ စိတ်၊နှလုံးသား နဲ့ ဘဝနေထိုင်မှုပုံစံကို ပြောင်းလဲပစ်မဲ့ ခရီးတစ်ခုတဲ့...

ဒီခရီး နီးသလား ဝေးသလားဆိုတာကတော့...

🥀🥀🥀🥀🥀🥀

၁၄ ရက်မြောက်လှုပ်ခတ်ခြင်းမှာ ပျော်ဝင်သွားတဲ့ အဆီအနှစ်တို့ဟာ ဒီညခင်းမဲ့ သတ်ကွင်းကို ရနံ့တွေသင်းစေမှာပါ။

ဒီစံပယ်ဆီပုလင်းလေးကို အိပ်ခန်းထဲက ပြတင်းဘောင်ပေါ်တင်ထားခဲ့တာ မာမားမဆုံးခင်တည်းကဆိုပါတော့။

ပန်းတို့ရဲ့အဆီအနှစ် ထုတ်ယူခြင်းအတတ်ပညာကို ငယ်ငယ်တည်းက မာမားသင်ပေးထားလို့ တတ်မြောက်ခဲ့တော့ ကျွန်တော့်ရဲ့ပြတင်းဘောင်ပေါ်မှာ နေရောင်ခံ ပန်းအဆီပုလင်းလေးတွေမရှိတဲ့ရက်ဆိုတာက ခပ်ရှားရှား။

ပန်းပွင့်ဖတ်လေးတွေကို jojoba oilနဲ့ စိမ်ထားပြီး တစ်နေ့ကိုတစ်ခါ ပုလင်းလေးတွေကို လှုပ်ခတ်ပေးခြင်းအားဖြင့် ၂ပတ်အကြာမှာ အိမ်တွင်းဖြစ်ရေမွှေးအဆီလေးတွေ ရနိုင်တယ်လေ။

ကိုယ့်လက်ထဲက ပုလင်းလေးကိုထောင်ကြည့်ရင်း ပုလင်းထဲက အဆီတွေကြား ပျော်ဝင်နေတဲ့ စံပယ်ပွင့်ချပ်လေးတွေကိုကြည့်ရင်း စိတ်ကျေနပ်စွာ ပြုံးလိုက်ရသည်။

ဘယ်အရာမဆို ပျော်ဝင်လာဖို့ လှုပ်ခတ်မှုလေးတွေ လိုတယ်တဲ့။ အချစ်ဆိုတဲ့နွံထဲ သူ့သိက္ခာတွေ စီးဝင်ပျော်ကျလာဖို့ အကောင်းဆုံး လှုပ်ခတ်ပေးနိုင်မဲ့ အရာက ဘာလဲ။ သေချာရေရာ မသိသေးပေမဲ့ မမြင်ရတဲ့ ခိုင်ကျည်ခြင်းတချို့က ရင်ထဲမှာ မြဲမြံနေခဲ့တာ ဘယ်ကာလတည်းကမှန်း မသိအောင်ကို ထူးဆန်းလွန်းပါတယ်။

စံပယ်ဆီစစ်ထုတ်ဖို့ ပုလင်းဖုံးလေးကို ဖွင့်လိုက်တာနဲ့ အီတက်လာတဲ့ရနံ့လေးက နှလုံးသားကို ယစ်မူးစေသည်။ ပိတ်စိမ်းပါးခပ်ကျဲကျဲခံပြီး အောက်ကဖန်ပုလင်းအကြည်ထဲ စံပယ်ဆီတွေ စစ်ထည့်တော့ ကျေနပ်ခြင်းတွေကရင်ထဲပြည့်သိပ်လို့။

🖤Night Flowers❤️Where stories live. Discover now