Epi-11

3.4K 273 6
                                    

Unicode

တတ တစ်ယောက် မြင်လိုက်ရတဲ့ မြင်ကွင်းက အရမ်းကို ရင်သပ်ရှု့မောဖွယ်ရာ။
တစ်ခါမှ မမြင်ဖူး ၊မတွေ့ဖူးသော မြင်ကွင်းပင်။ တတ မြင်လိုက်ရသည်ကတော့...

သေချာကျနစွာ အတန်းလိုက်စီပြီး အကွာအဝေးညီမျှတူညီစွာ ဂရုတစိုက် စိုက်ပျိူး ထိန်းသိမ်းထားသည့်  စိမ်းလန်းစိုပြေနေသော စိုက်ခင်းကြီးပင်ဖြစ်သည်။ ခြံစည်းရိုးကို သေချာစွာဘောင်ခတ်ထားသဖြင့် ကျွဲ၊နွားစသော တိရစ္ဆာန်များ မဝင်နိုင်ပေ။ ဝင်ပေါက်တစ်ပေါက်သာ ထားရှိပြီး သေချာ ခြံခတ်ထားသဖြင့် ကြည့်ချင်လျှင် အပြင်ကနေသာ ကြည့်ရသည့်အဖြစ်။

တတ အရှေ့မှ မြင်ကွင်းအား မြင်ပြီး မျက်လုံးပြူးကာဖြင့် အရှေ့မှသွားနေသော ဝါအရ အဒေါ်ဖြစ်သော်လည်း အသက်မှာသိပ်မကွာသည့်အတွက် အမလို့သာ ခေါ်စေသော သူအား လှမ်းခေါ်ပြီး မေးလိုက်မိတော့သည်။

"အမ အမ အဲ့နေရာကြီးက လှလိုက်တာ အမတို့ပိုင်တာလား အပင်တွေလည်းအများကြီးပဲ သား အခုမှမြင်ဖူးတာ ဒီလိုမျိူးကို"

အနောက်ကပြေး အပြေးလာရင်း စိုက်ခင်းကြီးကို တအံ့တသြ မျက်လုံးလေးများပြူးကာကြည့်ပြီး မေးနေသော ကလေးငယ်လေးအား ကြည့်လိုက်မိသည်။ အပြစ်ကင်းလိုက်တဲ့ ကလေး။ သူမေးသည်များကို ပြောရန် သရက်ပင်​ ကြီးအား လှဲကာ အရွယ်တူ အပိုင်းများ များစွာ ပိုင်းဖြတ်ထားသော
နေရာသို့သွားကာ ထိုင်လိုက်ပြီး စဖြေရတော့သည်။

"အဲ့ဒါ အမတို့ပိုင်တာ ဟုတ်တယ် ဒါပေမဲ့ ဟိုဖက်အိမ်ကလဲ ပိုင်တယ် ဘာလို့ဆို သူတို့က မင်းအဘရဲ့ သား၊သမီးတွေလေ အမတို့က အဖေတူ အမေကွဲပေါ့ ကဲ အမ ခြံထဲ အပင်တွေရေလောင်းလိုက်အုံးမယ်နော် မောင်ငယ်လေးလည်း ရေချိူးဖို့ လုပ်တော့"

ပြောရင်း အမချိူစင်က သံပုံးများကို အပေါက်ဖောက်ထားသော အရာများကို ယူပြီး ခြံထဲဝင်သွားသည်။

တတ အရှေ့မှ ခြံကြီးအား ရပ်ကြည့်နေမိသည်။ ခြံထဲ၏ ဘယ်ဖက်တွင် ချဥ်ပေါင်ပင်များကို အကွာအဝေးညီစွာ စိုက်ပျိူးထားပြီး ဘေးဖက်တွင်တော့ မာလကာပင်များကို တစ်တန်းထဲ စိုက်ပျိူးထားသည်။ခြံ၏ ညာဖက်တွင်တော့ မုန်လာပင်များကို အတန်းလိုက်လုပ်ထားသော မြေမို့များပေါ်တွင် စိုက်ထားပြီး ဘေးဖက်တွင် ငှက်ပျောပင်များကို မြင်ရမည်ဖြစ်သည်။စိုက်ခင်းကြီးသည် တစ်မျှော်တစ်ခေါ်ကြီးဖြစ်သည်။ ခြံအနောက်ဖက်တွင်တော့ လယ်ကွင်းများရှိသည်။ ဒီအချိန်က လယ်လုပ်သော အချိန်မဟုတ်သဖြင့် တစ်ဖက်တစ်လမ်းကနေ ဝင်ငွေရအောင် ပဲပင် မျိူးစုံကို စိုက်ပျိူးထားကြသည်။

𝑴𝒚 𝑰𝒏𝒗𝒂𝒍𝒖𝒂𝒃𝒍𝒆 𝑭𝒂𝒏 (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)Where stories live. Discover now