Part 40 ( သွေးစွန်းအနမ်း)

Start from the beginning
                                    

မင်းပြောကြည့်...အဲ့တာထူးဆန်းတယ်မထင်ဘူးလား။"

ချီရှန်းက ရှောင်ရှင်းကိုလှမ်းကြည့်ကမေးလိုက်သည်။ ရှောင်ရှင်းသည် အလွန်ကိုပင်မအောင့်အီးနိုင်တော့သည့်အလား သူသည်

" အရှင်....မထူးဆန်းပဲနေပါ့မလား။ ဖြစ်နိုင်ရင် ကိုယ်လုပ်တော်လုနဲ့ ဝေးဝေးမှာနေပါလား။ "

ချီရှန်းက မျက်နှာသေဖြင့် ရှောင်ရှင်းကိုကြည့်သည်။

" ငါနေနိုင်မယ်ထင်လား။"

ရှောင်ရှင်းက ချီရှန်းကိုကြည့်နေရင်းပင် သူ၏အကြည့်ကိုအပေါ်သို့လွှဲလိုက်သည်။ လက်နှစ်ဖက်ကိုနောက်သိူ့ပစ်​ကာ မတ်မတ်ရပ်လိုက်ပြီးနောက်

" အရှင့်အတွက် အန္တာရာယ်ရှိလာမယ်ဆိုရင် ကျွန်တော်ဘယ်သူ့ကိုမှ ညှာတာမှာမဟုတ်ပါဘူး။ ကျွန်တော့်အတွက်တော့ အရှင်က အရေးကြီးဆုံးမလို့ပါ။ "

" ငါပြောမိတာမှားပြီထင်တယ်။ "

ချီရှန်း ရှောင်ရှင်းကိုသူနှင့်အတူ ဆက်ဆွေးနွေးခွင်မပေးတော့ပဲ ပြန်လွှတ်လိုက်ရတော့သည်။ ရှောင်ရှင်းကလည်း အပြင်ဘက်သို့မရောက်မချင်း သူ့ကိုဂရုစိုက်ရန်သာ အထပ်ထပ်မှာလေတော့၏။

..............................

ထို့အပြင် ထိုနေ့မှစ၍ ရှောင်ရှင်းသည် အန်းလုအားမျက်စိဒေါက်ထောက်ကြည့်နေတတ်တော့သည်။ ညဘက် ယုံးယွမ်တွင်အိပ်သည့်အချိန်များတွင်လည်း ရှောင်ရှင်းကပြင်ပတွင် ကင်းစောင့်နေလေ့ရှိသည်။ ချီရှန်းက မည်သို့မျှမနေသော်လည်း အန်းလုကမူ မျက်နှာပူနေ၏။

" ရှန်းရှန်း..... "

"ဟင်...."

"အခုရက်ပိုင်း ရှောင်ရှင်းကဘာလို့ ကျွန်တော့်ကို မျက်လုံးပေါက်ထွက်မတပ်ကြည့်နေသလို ခံစားနေရတာလဲမသိဘူး။ တစ်ခုခုများ မကျေနပ်တာရှိနေလို့လား။ "

အန်းလုက ထမင်းစားနေရင်းပင် သူတိူ့နှင့်မလှမ်းမကမ်းတွင် ရပ်ကာနေသောရှောင်ရှင်းအားကြည့်လျက် ဘေးရှိ ချီရှန်းအားခပ်တိုးတိုးမေးလိုက်သည်။ ချီရှန်းက အန်းလု၏ပန်းကန်ထဲသို့ ဟင်းတစ်ချို့အားတူဖြင့်ညှပ်ကာ ထည့်ပေးလိုက်ပြီး

LOVE, BUT HURT (Season 3)_ The Last Begin_[Completed] Where stories live. Discover now