Dong! 💌
"ကလေး သေချာပြန်ရောက်ရဲ့လား "
"ဟုတ် ရောက်တယ်"
"ကိုယ်မင်းကိုအရမ်းလွမ်းနေတာ သိလား
မင်းမရှိတဲ့ အတောအတွင်း ကိုယ်လေ တကယ် ရူးချင်တယ်""စောက်ပိုတွေပြောမနေနဲ့ ။ ဟိုမိန်းမရှိနေတယ်လေ လဲသေပါ့လား😡"
"ကလေးက အရင်တုန်းကအတိုင်းပဲ မပြောင်းဘူးနော် ဟဲဟဲ😝"
"လဲသေလေ လဲသေ😒"
Rs နှစ်ယောက် အကြည်စိုက်နေစဉ်
ဒေါက် ဒေါက်!
ဘာလဲကွာ ဘယ်သူလာခေါက်နေတာလဲ ဒီအချိန်ကြီး !! ရဲရင့်စိတ်တိုကာ စိတ်ထဲက မေတ္တာ လှမ်းပို့လိုက်သည်။
"ရဲရင့် ငါဝင်လာမယ်နော်"
"အင်း လာ"
ရဲသွေး ဘာလာလုပ်???
"ဒီနေ့ကွာ အိမ်ရောက်တော့ လူလဲမရှိဘူး ။ ဘေးအိမ်ကပြောတာပေါ့ ခရီးထွက်သွားတဲ့ အရေးကြီးလို့တဲ့ ငါက ပြန်မလာသေးတော့ ဘာမှမပြောပဲ ထွက်သွားတာတဲ့ အဲ့တာ မင်းဆီလာနေမယ် ရတယ်မလား"
"ဒီလူနဲ့ဒီလူ နေပေါ့"
"ဒါနဲ့ မင်းတို့နှစ်ယောက်အခြေအနေပြေလည်ပြီမလား။ ရုပ်ကြည့်တာနဲ့သိသာတယ်"
"သိပြီးရော မေးနေစရာလား"
အဆင်ပြေသွားတော့ မောက်မာနေပြီပေါ့လေ ။ စောက်လဒကောင်!!
>>>>>>>>>>>>>>>>
"အစထဲက အဆင်ပြေရင်ပြီးနေတာ ကို။
အခုမှစိတ်အေးတော့တယ် နေမင်းခ""ဟဲဟဲ ဒါက ငါ့မှာလဲ ပြဿနာရှိလို့ပေါ့ကွာ"
"ရုပ်က အခုတမျိုး တော်ကြာတမျိုး။ မပြောချင်ဘူး ဟွန်းဟွန်း။ အော်ဒါနဲ့ သွှန်းရွှေစင် သူကရော မင်းနဲ့ ပြန်တွဲနေတာ မဟုတ်ဘူးလား"
"မသိတော့ဘူး ငါ...ဘာလုပ်မလဲမသိဘူး"
"မင်း ရဲရင့်ကို ထပ်အဆုံးရှုံးမခံနိုင်ဘူးမလား ။ သူ့ကို ဒီတစ်ခါ လက်လွှတ်မခံနဲ့"
အင်း။ ဟုတ်တယ် ဒီတစ်ခါတော့ လက်လွှတ်မခံနိုင်တော့ဘူး ။
ရှိုင်းထက်နဲ့ စကားပြောပြီးနောက်
နေမင်းခအမေက ဖုန်းခေါ်လာသည်။ မနက်ဖြန်အိမ်ပြန်လာပြီး အရေးကြီး ကိစ္စပြောစရာ ရှိသည့်အကြောင်း ပြောသည်။