part(29)⚠️

13.8K 395 75
                                    

ရဲသွေးကတော့ ဆိုင်ထဲသို့ ‌ဝင်ကာ blueberry soda တစ်ခွက်မှာလိုက်ပြီး hamburger တစ်လုံးနှင့် အေးဆေးနေနေလိုက်သည်။

အလုပ်နဲ့ပတ်သတ်ပြီး boss တစ်ယောက်လုံးမှာ ချစ်ရသူဖြစ်နေလေတော့ ပူပန်စရာမရှိ။

"အကိုက အောင်ရဲသွေးမလား?"

ရဲသွေးနောက်ကျောဘက်မှ အသံထွက်လာသည်မို့ အသံလာရာကို ကြည့်မိလိုက်သည်။

"ဟုတ်ပါတယ် ဒီက ညီလေးက?"

ပုံစံကတော့ အထက်တန်းကျောင်းသားအရွယ်လောက်ရှိအုံးမည် သို့မဟုတ် တက္ကသိုလ်ကျောင်းသားလား မသေချာပေ။
သေချာသည်က ထိုစကား‌လာပြောသည့်ကောင်လေးက ရဲသွေးထက်တော့ ငယ်သည်။

"ကျနော် ဒီမှာ ထိုင်မယ်နော်။ ရလား?"

"အင်း ထိုင်လေ"

ရဲသွေးရဲ့ စားပွဲဝိုင်းတွင် ထိုကောင်လေးက ဝင်ထိုင်လိုက်လေသည်။

"ကျနော် အကို့ကို အရမ်းသ‌ဘောကျတာ ဟီး။ အကို့ fan ပါ။ အကို့ tiktokတွေ ကျနော် ကြည့်ဖြစ်တယ်"

"အာ ဟုတ်ကဲ့ ကျေးဇူးပါဗျ"

ရဲသွေး ဒီလိုအခြေအနေတွင်တော့ နေရခက်လေသည်။ သူစိမ်းများဖြင့် စကားပြောရသည်မှာ သူ့အတွက် အဆင်မပြေ။

"ပိုသဘောကျတာ အကိုတို့ အတွဲကိုပါ။ အရမ်းအားကျစရာကောင်းတာပဲ"

"အာ ဟုတ်ပါပြီ"

ထိုကောင်လေးက ဆက်ပြီးပြောသည်။

"ကျနော့်နာမည်က သွင်ထူးခန့် ပါ။uni third yearsတက်နေတာ  ။"

"အော် မထင်ရဘူးနော် ညီလေးကို အထက်တန်းကျောင်းသားထင်နေတာ"

"ပုတော့နုတာပေါ့ အကိုရာ ဟဲဟဲ။ လူကောင်သေးတော့ အဲ့လိုပဲ ထင်ကြတာ"

"ဟုတ်ပါပြီ"

"ကျနော် မေးချင်တာလေး တစ်ခုရှိတာ"

"အ‌င်း မေးလေ"

"အကိုက ရှိုင်းထက်ပိုင်ဆိုတဲ့ သူကို သိတယ်မလား။ အရင်က အကို့ tiktokမှာ တခါတွေ့လိုက်တယ်"

"ရှိုင်းထက်ပိုင်? အကိုရှိုင်းထက်ပိုင်လား?"

"ဟုတ်ကဲ့ ။ အကိုနဲ့ ရင်းနှီးတယ်မလား??"

My cute Babe 💘 (Complete)Where stories live. Discover now