part(31)⚠️

11.7K 376 138
                                    

သာယာလှသောနေ့တနေ့၏ မနက်ခင်းအစတွင် ကျေးငှက်သံများဖြင့် ဆူညံလို့နေ၏။ သာယာသော မနက်ခင်းဟုမဆိုပဲ မင်္ဂလာရှိသော နံနက်ခင်းလို့ဆိုရချေမည်။

ယနေ့သည် တနင်္လာနေ့ဖြစ်ကာ မင်းခန့်နှင့် ရဲသွေး၏ အရေးပါသောနေ့ရက်လေးတခုလဲဖြစ်ပါသည် ။

ခမ်းခမ်းနားနား ကြီးကြီးကျယ်ကျယ်လဲ မလုပ်ပါ။ မင်္ဂလာဆွမ်းကပ်ကာ ရုံးတွင်သာ လက်မှတ်ထိုးလိုက်ကြပါ၏။ထို့နောက်တွင် နှစ်ဖက်မိဘများအား ကန်တော့ခဲ့ကြပြီး တအိုးတအိမ်ထူထောင်ဖို့ အသင့်ဖြစ်နေခဲ့ကြသည်ပင်

ဒီနေ့ဒီရက်သည်တော့ သူတို့အတွက် ပျော်စရာအကောင်းဆုံး နေ့ရက်သည်သာဖြစ်‌ပေမည်။

"ကလေး အရမ်းကြည့်ကောင်းတယ်"

"တကယ်လား???"

သူတို့သည် အဝတ်ဆိုင်တွင်ရောက်ရှိနေခြင်းဖြစ်ကာ wedding suit များ ဝတ်ဆင်ကာ photo ရိုက်ရန်အသင့်ဖြစ်နေခဲ့သည်လေ

"ကိုကိုလဲ ကြည့်ကောင်းတယ်"

"ကဲ စရိုက်မယ် 1.2.3"

Camera manတိုင်ပင်ခေါ်လိုက်သည်နှင့် တပြိုင်နက် မင်းခန့်က ရဲသွေး နဖူးအား နမ်းလိုက်ပါ၏။ ။ ထို့နောက်တွင် အမျိုးမျိုးသော postများ စုံလင်စွာ။

"ရဲသွေး မင်းကတော့ ပျော်နေပြီပေါ့။တရားဝင် လက်ထပ်လိုက်ပြီဆိုတော့လေ"

ရဲရင့်သည် ပြုံးပြီး မေးလိုက်လေရာ ရဲသွေးမှ ရီကျဲကျဲနှင့်ဆိုလာတော့သည်။ "မပျော်ပဲ နေမလား မင်းတို့လဲ ယူသင့်ပြီနော်"

ရဲသွေးစကားကြောင့် ရဲရင့်မှာ အနည်းငယ်ရှက်သွားသယောင်ပြုပြီး နောက်တွင်တော့ ရီပြီး ဆိုလာသည်။

"ဟားဟား နောက်မှပေါ့ကွာ"

ရဲသွေးနဲ့ရဲရင့်သည် စားရင်းသောက်ရင်း တဟီးဟီးတဟားဟားနှင့် ပြောဆိုနေသည်ပင်။ထိုတင်မကသေး နေမင်းခနဲ့ မင်းခန့် သည်လဲ စကားပြောနေကြသည်ပင်။ ထိုထဲမှ လူပျိုကြီးဘဝက ကျွတ်တော့မည်ဖြစ်သော ရှိုင်းထက်ပိုင်သည်လဲ သူ၏ ကလေးနှင့် ပလူးပလဲ။

"အကိုမင်းခန့် con con ပါ။ ကျနော်တောင် လက်ထပ်ချင်နေပြီ အားကျတယ်"

My cute Babe 💘 (Complete)Where stories live. Discover now