Epi-10

3.7K 287 6
                                    

Unicode

ခန့်ရွှေစည်တစ်ယောက် အိမ်ပြန်လမ်းတွင် ပါးစပ်ပင်စိလို့မရတော့ပေ။ အကြောင်းမှာ ဒေါသအိုး ဝါပုလေးက သူချိန်းဆိုတာကို လက်ခံခြင်းကြောင့်ပင်။ တွေးနေရင်း တွေးနေရင်း ဖြင့်ပင်  ဝဲဘက်ရင်အုံမှ အကောင်ကြီးက မတအားတွေခုန်ပေါက်လာတော့သည်။ ဒင်းခုန်တာနှင့်ပင် လူကမြေကြီးနှင့် မထိချင်တော့ လေထဲတွင် လမ်းလျှောက်နေသယောင်ယောင်။ တာလမ်းမပေါ်တွင် ဂျွန်းသာထိုးပစ်လိုက်ချင်တော့သည်။ အရမ်းတွေပျော်နေလို့ ။ သို့သော် မလုပ်ရဲ မတော် ဆေးရုံရောက်ရင် ဝါပုလေးနှင့်မတွေ့နိုင်တော့မည်မလား။ညနေစောင်းနေပြီမို့ နေလုံးကြီးကလည်း သူ၏ဌာနီရိပ်နန်းကို ဝင်ချေတော့မည်။ ပတ်ဝန်းကျင်တစ်ခုလုံး အနီရောင်လိုလို အဝါရောင်လိုလို ရောစပ်နေသောအရောင်များ ပျံ့နှံ့နေသည်။တောရွာကလေး၏ နေဝင်ချိန်သည် အလွန်ပင်လှလွန်းသည်။ မြို့ပြ၏မွန်းကြပ်မှု့တွေနှင့်ဝေးရာ ဒီအရပ်ကလေးသည် အလွန်သာယာအေးချမ်းပါသည်။

အတွေးတွေကို အဆုံးသတ်ကာ ခြေလှမ်းတွေကို မြန်လိုက်ပြီး တည်းခိုအိမ်သို့အမြန်ပြန်ရတော့သည်။ မညာတမ်း ဝန်ခံရလျှင်ဖြင့် အခုချိန်သည်အလွန်ပင် အေးချမ်းနေပြီး ဘဝကြီးကလဲ အခုမှ နေရတာ အဓိပ္ပါယ် ရှိနေသလိုလိုပင်။

ကိုယ့်အတွေးကိုယ် သဘောကျသဖြင့် ခန့်ရွှေစည်တစ်ယောက် ပြုံးလိုက်မိသည်။
နှုတ်မှလည်း

"ဘယ်လိုတွေ နုနုရွရွတွေးနေတာလဲကွာ ငါက ငါမဟုတ်တော့သလိုပဲ"ဟု ရေရွတ်လိုက်တော့သည်။

တတိုင်းရတစ်ယောက် ဟိုကြည့်လို့ကောင်းသော မျက်နှာရူးနှင့်စကားပြောလို့ပြီးသည်နှင့် အိမ်သို့ပြန်လာလိုက်တော့သည်။ လက်တွေကိုလည်း ခုနက မြေပြင်ပေါ်ထိုင်လိုက်မိသဖြင့် ဖုန်တွေပေနေတဲ့နေရာတွေကို သပ်ချနေလေသည်။အိမ်ထဲ ဝင်လာတော့ အိမ်ရှေ့မှာ အဖိုးနဲ့အဖေက စကားပြောနေသည်။ အမေ့ကို ရှာလိုက်တော့ မီးဖိုခန်းဘက်က အသံထွက်လာသဖြင့် မီးဖိုခန်းဆီသို့ လျှောက်သွားလိုက်သည်။ မီးဖိုခန်းတွင် သူ၏ယောင်းမနှင့် အလုပ်ရှုပ်နေသော အမေ့အား

𝑴𝒚 𝑰𝒏𝒗𝒂𝒍𝒖𝒂𝒃𝒍𝒆 𝑭𝒂𝒏 (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)Where stories live. Discover now