Epi-9

3.4K 302 12
                                    

Unicode

အိမ်ထဲမှဖုန်းလေးအားကိုင်ပြီးထွက်လာသော
ခန့်ရွှေစည်တစ်ယောက် သူ၏ငယ်ဘဝအားပြန်တွေးမိရင်း ခနတာငြိမ်သက်နေမိသည်။ အရှေ့မှကလေးများ၏ဆူညံသံများကြောင့် သတိပြန်ဝင်လာပြီး လမ်းတစ်လျှောက်ဆက်လျှောက်လာလိုက်တော့သည်။လမ်းမကြီးတစ်လျှောက်၏ ဘေးတွင် ရွာ၏မူလတန်းကျောင်းလေးတစ်ကျောင်းရှိလေသည်။ရွာရှိကလေးများ၏ ပညာရေးမဆိုးဘူးဟု စိတ်ထဲတွေးလိုက်သည်။ထိုကျောင်း၏ ဘေးတစ်ဖက်တွင်တော့ နေ့လည်က သူတို့သွားသည့် ဘုန်းကြီးကျောင်းရှိရာလမ်းဖြစ်သည်။ ဘုန်းကြီးကျောင်း၏ရှေ့အနည်းငယ်ဆက်သွားလျှင် ရွာရှိသည်ဟု သိရသည်။ထိုရွာလေးသည်လဲ သူ့ဟာနှင့်သူ သာယာသည်ဟုလည်းသိရပါသည်။ထိုစဥ် ခုနက ဆော့နေကြသောကလေးများသည် မိမိအနားသို့ရောက်လာကြပြီး သူတို့အချင်းချင်းစကားပြောနေကြသည်။

"ဟျောင့်တွေ ငါတို့ ဟိုကောင်တွေရှိတဲ့ရွာသွားရအောင် ငါ သူတို့နဲ့ ချိန်းထားတယ်ကွ လာ သွားကြရအောင်"

ဆိုကာ အသက်နဲနဲကြီးသော ကလေးတစ်ယောက်က ဦးဆောင်ကာ အရှေ့မှသွားသဖြင့် အနောက်မှ ကျန်တဲ့ကလေးတွေကလည်း လိုက်သွားကြသည်။မိမိသည်လဲ တစ်ခါမှမရောက်ဖူးသည်ကြောင့် လိုက်သွားမည်ဟု ဆုံးဖြတ်ကာထိုကလေးတစ်သိုက်နောက်မှ လိုက်လာလိုက်တော့သည်။ စိတ်ထဲတွင် အမှတ်မထင်တစ်ခုတွေးလိုက်မိသည်။အကြောင်းကတော့ မနက်ကတွေ့ခဲ့တဲ့ ဝါပုလေးအကြောင်းပင်ဖြစ်သည်။

'အင်း ရွာထဲရောက်ရင် နေ့လည်ကတွေ့ခဲ့တဲ့ ဝါပုလေးနဲ့ ထပ်တွေ့ရရင် ကောင်းမှာပဲ ပြန်တွေ့ပါစေ'ဟု ဆုတောင်းရင်း ရှေ့မှ ဆရာသမားလေးတို့၏အနောက်မှ မယောင်မလည်နှင့် လိုက်လာလိုက်တော့သည်။

ဘုန်းကြီးကျောင်းရှေ့မှ ဆက်လျှောက်လာလိုက်တော့ ပိတောက်ပင်အကြီးကြီးတစ်ပင်နှင့် ရွာအဝင်ကို ရောက်လာတော့သည်။ပိတောက်ပင်ကြီး၏ အရှေ့တွင် လမ်းနှစ်လမ်းရှိနေသည်။ ကလေးများက ထိုလမ်းနှစ်လမ်းထဲမှ ဘယ်ဖက်လမ်းအား ရွေးချယ်ကာ သွားလိုက်ကြသဖြင့်
မိမိသည်လည်း ထိုလမ်းကိုသာ ရွေးပြီး ကလေးတွေနောက်သာ လိုက်လာလိုက်တော့သည်။တစ်နေရာအရောက် လှမ်းနေသည့်ခြေလှမ်းများ ရပ်တန့်သွားရတော့သည်။အကြောင်းမှာတော့ မိမိအခုရပ်နေသည့်နေရာနှင့် မလှမ်းမကမ်းတွင် ရွာ၏ကလေးများနှင့်အတူ ကစားနည်းတစ်ခုဖြစ်သည့် ဖန်ခုန်ခြင်းကစားနည်းကို ကစားနေသော ကလေးမက လူကြီးမကျသော ကလေးလူကြီးလေးအား တွေ့လိုက်ရသဖြင့် ဖြစ်သည်။

๐‘ด๐’š ๐‘ฐ๐’๐’—๐’‚๐’๐’–๐’‚๐’ƒ๐’๐’† ๐‘ญ๐’‚๐’ (๐ถ๐‘œ๐‘š๐‘๐‘™๐‘’๐‘ก๐‘’๐‘‘)Where stories live. Discover now