"သားသားကိုခေါက်တာ နောက်ထား...
ဒီအပင်ပေါ် ဘာတက်လုပ်တာလဲ?...""အဲ့တာ သားသားလေ...
မာလကာသီးစားချင်တယ်ဆိုလို့ တက်ခူးပေးတာ...ဟီးဟီး...""သားသားစားချင်တာလား ကလေးစားချင်တာလား..."
"သားသားရော ကလေးရော...ဟီးဟီး..."
ပွေ့ထားလျက်နဲ့ပင်..ကျွန်တော့်ကို ပြုံးပြကာ ကလေးကိုကြည့်ပြီး အသဲယားလာတာမို့..တင်ပါးကို ဖတ်ခနဲ ရိုက်လိုက်သည်..။
"အ!...နာတယ်...
ဘာလို့ အဲ့နေရာကိုလာရိုက်တာလဲ?...
ညက အရှိန်ကြောင့် နာနေသေးတာဟာကို...
အဖိုးကြ်ီး စားပြီးနားမလည် လာလုပ်နေတာလား...""sorry sorry...ဦးမေ့သွားလို့..."
"အမေ့ကောင်းပဲ...
ဝင်မယ် အခန်းထဲကို...ချီသွား...""ဟုတ်ပါပြီဗျာ...ချီသွားပါ့မယ်..."
"ဟီးဟီး...ဟာ...မညှစ်နဲ့လေ..."
"ကလေးက မရိုက်နဲ့ပဲပြောတာ မညှစ်နဲ့လို့ပြောတာမှမဟုတ်တာ..."
"အဖိုးကြီး..."
"ခေါ်ပြန်ပြီလား..."
"အ!...မညှစ်နဲ့လို့..."
"အဖိုးကြီးခေါ်တာနဲ့ ညှစ်မှာပဲ..."
"နစ်နာမယ်..."
"ဟားဟား...ဟားဟား..."
................
"ရှူးရှဲ...ပါပါး ရေ ရေ..."
"ရော့..သားသား ရှူးရှဲ...."
ကြမ်းပြင်ပေါ်မှာ ကျကျနနထိုင်ကာ..ငရုတ်သီးဆားနဲ့နယ်ထားတဲ့ မာလကာသီးသုတ်ပန်းကန်ကို လက်နဲ့ယူစားနေတဲ့သားဖ၂ယောက်ကိုကြည့်ပြီး..နေမင်းဧကရာဇ်မှာ မျှော်ကြည့်နေရသည်..။ မျှော်ကြည့်နေတယ်ဆိုတာကတော့..စားချင်လွန်းလို့မဟုတ်..ရေလိုရင် ရေယူပေးလို့ရအောင်...အစပ်ပြေအောင် သကြားလုံးယူလို့ရအောင် ကြည့်နေခြင်းဖြစ်သည်..။
"ဦး..စားဦးမလား...ရွှတ်..." ဆိုပြီး စပ်လွန်းလို့နှာရည်ထွက်နေတာတောင် ကျွန်တော့်ကိုလှမ်းခေါ်နေတဲ့ကလေးကြောင့် မကြည့်ရက်တော့တာမို့တစ်ရှူးယူပြီး သွားသုတ်ပေးရသည်..။
"ကျေးဇူး...ဟီးဟီး..ရွှတ်..."
"ဖေဖေ...သားသားရော...ရွှတ်.." ဆိုပြီး သားသားကပါ မျက်နှာကိုမော့ပေးလာသည်..။ ဆိုလိုတာကတော့..သူ့ကိုပါနှာရည်သုတ်ပေးဆိုတဲ့သဘော...
YOU ARE READING
ဦးရဲ့သည်းငယ်လေး (Completed)
Romanceသည်းငယ်လေး မင်းကြိုက်သလောက်ဆိုးစမ်းပါ မင်းဆိုးနေတာလေးကို ဦးကချစ်တာမို့လို့
Part-44
Start from the beginning