Part-10(Uni)

32.3K 2.7K 32
                                    

"ဟမ်....တကယ်ကြီးလား..."

"တိုးတိုးပြောစမ်းပါကွာ...မင်းကလည်း..."

ကန်တင်းမှာထိုင်နေရင်း..မနေ့ကဖြစ်ပျက်ခဲ့သမျှအကြောင်းတွေကို ပြောပြနေရင်း..အသံကျယ်လာတဲ့ ဝေလင်းကို တိုးတိုးပြောဖို့ပြောရသေးတယ်..။

"အဲ့ကောင် တော်တော်ယုတ်မာတာပဲ.."

"ဘယ်သူလဲ?...
မင်းကလည်း အစမရှိအဆုံးမရှိနဲ့..."

ဟုတ်တယ်လေ..သူပြောနေတဲ့ပုံစံက ဦးကိုပြောတာမှန်းမသိ ဟိုခွေးကောင်ကိုပြောတာမှန်းမသိ...

"ထွန်းလင်းဇော်ကိုပြောတာပါကွာ...
ဦးနေမင်းဧကရာဇ်ကို ပြောတာမဟုတ်ဘူး...
ရှည်တာကွာ..မောလိုက်တာ..ဟူး......." လို့ ပြောပြီး ဝေလင်းက အအေးကိုငုတ်သောက်နေတယ်...

"အဲ့ကောင် ငါ့ရှေ့ပေါ်လာလို့ကတော့...
ဆွဲထိုးပြစ်မှာ...
မင်းကချုပ်ပေး...ကြားလား.."

"သြော်...အေး...
ငါ့ကိုလူမိုက်ငှားနေ..."

"မင်းကို ငါကယောက်ဖတော်ထားတာလေ..
မင်းကဒါလေးတောင်မလုပ်ပေးချင်ဘူးလား..."

"ဟာ....သူရ ယောက်ဖကလည်း...
ငါမပြောမိပါဘူး...
ငါ့ယောက်ဖကိုမကောင်းကြံထားတဲ့ကောင်ကို ငါလည်းဝိုင်းချပေးမှာပေါ့..နော်လေ..."

"ဟင်းဟင်း.....ဒီလိုမှပေါ့.."

"ဒါနဲ့..မင်း ဦးနေမင်းဧကရာဇ်ကို ဘယ်လိုလုပ်မှာလဲ?..."

"ဟင်း...မသိတော့ပါဘူးကွာ...
ငါလည်း ဘယ်လိုလုပ်ရမှန်းတောင်မသိတော့ဘူး..."

"မင်း သူ့ကို မချစ်ဘူးလား..."

"မသိဘူး....ငါမသိဘူး...
ငါနဲ့ဦး တွေ့တဲ့အချိန်က ဘယ်လောက်မှမကြာသေးဘူး...
ငါ ဦးကို ချစ်လား မချစ်လား..ငါ့ကိုယ်ငါ မသိဘူး..ဟူး........."

"အဲ့တာဆို..မင်းသူနဲ့တွေ့ရင် ဘယ်လိုလုပ်မလဲ?..."

"မတွေ့အောင် ရှောင်မှာပေါ့...
ငါ့ကို ဒီရက်တောတွင်း ဆိုင်ကယ်အကြိုအပို့လုပ်ပေးပါကွာ...
ငါဦးနဲ့ရင်မဆိုင်ရဲသေးဘူး..."

"ပို့တာက ပို့ပေးလို့ရပါတယ်..
မင်း ဦးနေမင်းဧကရာဇ်အပေါ် ချစ်လားမချစ်လား..ကိုယ့်ဟာကို သေချာဆန်းစစ်ကြည့်လို့ပဲ ငါပြောချင်တယ်..."

ဦးရဲ့သည်းငယ်လေး (Completed)Where stories live. Discover now