Part-19(Uni)

25.8K 2.1K 32
                                    

အချိန်တွေတဖြည်းဖြည်းကျော်ဖြတ်လာပြ်ီးနောက်..ကျွန်တော်တို့ second semester တက်ရမည့်အချိန်ကိုရောက်လာပြီ..။ ကျောင်းသွားကျောင်းပြန် ဦးကကြိုပို့လုပ်ပေးတာကြောင့် အရင်ကလို ကားငှားစီးစရာမလိုတော့ဘူး..။ ဦးနဲ့တွေ့တဲ့အချိန်ကလည်း ဒီအချိန်ပဲရှိတာလေ..။

"ယောက်ဖ ယောက်ဖ..ဟေ့ကောင်...
ဒီမှာ မင်းလူကြီးပုံ cute boy pageမှာ ပါလာတယ်..."

"ဟင်...cute boy page ?..."

"ဟုတ်တယ်...
မင်းလူကြီးကို တင်ထားတာ..
မယုံရင် ဒီမှာကြည့်..." ဆိုပြီး ဝေလင်းကသူ့ရဲ့ဖုန်းကိုထိုးပြလာတယ်....

ကျွန်တော်လည်း ဝေလင်းရဲ့ဖုန်းကိုယူပြီးကြည့်လိုက်တော့..မြင်ရတဲ့ပုံတွေက အေပရွန်ဝတ်ပြီးကော်ဖီဖျော်နေတဲ့ဦးရဲ့ပုံတွေ...
အံမယ် သူကဓာတ်ပုံရိုက်နေတာကိုသိသည့်အလား...ပြုံးတောင်ပြုံးနေသေးတယ်..။

တစ်ပုံချင်းစီကြည့်ရင်း ဦးရဲ့အပြုံးတွေက ပိုပြီးထင်ပေါ်လာလေလေဖြစ်သည်..။ ဘယ်ကောင်မလေးအတွက် ကော်ဖီကိုဖျော်ပေးနေရတာလဲ?..ဟွန်း.....

ရေးထားတဲ့captionကလည်း...ဘာတဲ့

* ကိုကြီးရဲ့အပြုံးအောက်မှာ...
ညီမလေးကျဆုံး🤒 *

ဟွန်း....အဖိုးကြီးနော်အဖိုးကြီး..
ဓာတ်ပုံရိုက်နေတာ မသိရအောင်..ဘယ်လောက်တောင် ပဲပေးနေလဲမသိဘူး...

သူတို့ပြောတာလည်း ဟုတ်တာပဲလေ...
ကတုံးကေနဲ့ဦးဟာ အရမ်းကိုခန့်ညားနေပါတယ်..ပြုံးလိုက်တော့ ပိုချောသွားတာပေါ့...

captionဖတ်ပြီးလောင်ရမလားမှတ်တယ်..။ commentsတွေဝင်ဖတ်မှ ပိုဆိုးသွားတယ်..။
ကျွန်တော်လည်း ဆက်ဖတ်မနေတော့ဘဲ ဦးရဲ့accountထဲဝင်ကြည့်လိုက်တော့..followersတွေ တိုးနေတာတွေ့ရတယ်..။ ဒါပေမဲ့ ဦးကတော့ လိုင်းပေါ်မှာတော့ရှိမနေဘူး..။ တော်သေးတာပေါ့လို့ပဲ တွေးရတယ်..။

"ရော့....မင်းဖုန်း.."

"မင်းလူကြီးက တော်တော်စန်းပွင့်တာပဲ...
အေးလေ...ရုပ်ကလည်းချော bodyကလည်းတောင့်တောင့်..ရုပ်ရှိရေလျှံသူဋ္ဌေးသားလေးဆိုတော့ မိန်းကလေးတိုင်းကြိုက်ကြတာမဆန်းပါဘူး...
ငါတော့ လုံးဝအားကျတယ်ကွာ...
မင်းလူကြီးက မိန်းကလေးတိုင်းလိုချင်တဲ့ boyfriend material type ပဲလေ..."

ဦးရဲ့သည်းငယ်လေး (Completed)Where stories live. Discover now