Part-32(Uni)

23.7K 1.8K 48
                                    

    ဦးနဲ့အပြင်လျှောက်မလည်ရတာကြာပြီ..ချဉ်ချဉ်စပ်စပ်လေးတွေစားချင်တယ်ဆိုလို့ စိတ်တိုင်းကျလိုက်ကျွေးလိုက်တယ်..။ အစားစားပြီးတဲ့အခါမှတော့..ရုပ်ရှင်ကြည့်ချင်တယ်ဆိုလို့..ရုပ်ရှင်လိုက်ပြမယ်ဆိုပြီး လက်မှတ်ဝယ်လိုက်တယ်..။

ကျွန်တော်ကသာ လက်မှတ်ဝယ်နေတာ..ကလေးကတော့ ပေါက်ပေါက်ဘူးတွေနဲ့အာလူးကြော်တွေဝယ်နေတယ်..။

"ဦး...ဒါလေးကိုင်ပေးထားပါဦး...
သား ရေသန့်ဘူးဝယ်မလို့..." ဆိုပြီး ပေါက်ပေါက်ဘူးတွေကိုကျွန်တော့်လက်ထဲထည့်ပေးကာ..ရေသန့်ဘူးဝယ်နေတယ်..။

ဝယ်စရာရှိတာအကုန်ဝယ်လို့ပြီးတော့မှ..ရုပ်ရှင်မပြသေးတာကြောင့် အပြင်မှာထိုင်စောင့်နေလိုက်တယ်..။ ကလေးကတော့..ထိုင်စောင့်နေရင်း ပေါက်ပေါက်ကိုနှိုက်စားနေတယ်..။

"ဦး...ရေဘူးဖွင့်ပေး..."

ပေါက်ပေါက်ကိုနှိုက်စားနေရင်း..ရေဘူးကိုဖွင့်ခိုင်းလာတာမို့..ရေဘူးကိုဖွင့်ပေးလိုက်တယ်..။

"ဦး တိုက်..."

"ဟင်..."

"ဦး တိုက်ပေးလို့..
သားလက်မအားဘူး..."

"သြော်...အင်းအင်း.."

သဘောတော်ကျ..ရေဘူးကို သူ့နှုတ်ခမ်းလေးနဲ့ရေဘူးကိုထိပေးကာ ရေတိုက်လိုက်တယ်..။ ရေသောက်ပြီးတော့..

"ဦး...သားလက်ကိုချိတ်ထား.." ဆိုပြီး တိုးတိုးလေးပြောလာတယ်..။

"ဟင်...ဘာဖြစ်လို့လဲ?..."

ကျွန်တော်လည်း သူလက်လေးဆုပ်ကိုင်ကာ..ချိတ်ထားပြီး ပြန်မေးလိုက်တော့...

"ဟိုနားက ကောင်မလေးတွေ ဦးကိုကြည့်နေလို့..."

"အဟက်...သဝန်တိုတယ်ပေါ့..."

"ဟုတ်တယ်...အဲ့တာကြောင့် လက်ချိတ်ထား.."

ဘယ်လိုလေးလည်းကွာ...အသဲယားလို့ ပါးလေးကိုဆွဲဖဲ့လိုက်ချင်ပေမဲ့ ကလေးနာမှာစိုးလို့လက်လေးကိုသာ ဆုပ်ကိုင်ထားလိုက်တယ်..။

ရုပ်ရှင်စပြတဲ့အချိန်ထဲကနေ..ပေါက်ပေါက်တွေကိုစားနေတာ ရုပ်ရှင်တောင်တစ်ဝက်မရောက်သေးဘူး..ပေါက်ပေါက်၂ဘူးလုံးကို ကုန်သွားပြီ..။ ရုပ်ရှင်ကိုကြည့်လိုက်..ဘေးကကောင်လေးကိုကြည့်လိုက်နဲ့ ရုပ်ရှင်ကဘယ်ရောက်လို့ရောက်နေမှန်းတောင်မသိတော့ဘူး..။

ဦးရဲ့သည်းငယ်လေး (Completed)Where stories live. Discover now