Part-38(Uni)

21.4K 1.5K 32
                                    

     တောက်ပတဲ့နေရောင်ခြည်နဲ့အတူ..သာယာတဲ့နံနက်ခင်းမှာ နေမင်းဧကရာဇ်တို့အခန်းထဲမှာတော့...

"အူးဝါး...."

"သားရေ တိတ်ပါကွယ်...
ပါပါး နို့ဘူးသွားဖျော်နေတယ်....
တိတ်တိတ်..."

"အူးဝါး..."

ကျွန်တော်ချော့တာလည်းချော့လို့မရဘူး..ကြည့်ရတာ နို့ဆာနေလို့ထင်တယ်..။ မျက်နာလေးဆိုလည်း ရဲနေတာပဲ..။ ချီပြီးချော့တော့လည်း ငိုတာကမတိတ်..။

"အူးဝါး..."

"အေးအေး...တိတ်ပါကွယ်...
ပါပါးရေ နို့ဘူးသွားဖျော်တာမလာသေးဘူးလားဝေ့...ဒီမှာ သားသားကဗိုက်ဆာနေပြီ...
နော်...နော်...ဖေကြီးသားလေးက ဗိုက်ဆာနေပြီနော်...လာပါတော့ ပါပါးရေ..."

ကုတင်ပေါ်မှာပြန်ထိုင်ပြီး...လက်ပေါ်က သားကိုကြည့်ပြီး သူ့ပါပါးကိုလှမ်းခေါ်သလိုလေးလုပ်ပြလိုက်တော့ သားလေးကရယ်လာသည်..။

"ခစ်ခစ်...ခစ်ခစ်..."

"ဖေကြီးသားလေးရယ်တယ်ပေါ့...ဟုတ်လား..."

"ခစ်ခစ်..."

"အား...ချစ်ဖို့ကောင်းလိုက်တာကွာ...
ရွှတ်ရွှတ်..."

ရယ်လိုက်လျှင်မို့တက်လာတဲ့ပါးဖောင်းဖောင်းကြီးနှစ်ဖက်က..ချစ်စရာကြီးမို့ သားသားရဲ့ပါးနှစ်ဖက်ကို နမ်းလိုက်တယ်..။

"ဟာ...ဦး သားက နုနုနယ်နယ်လေးပဲရှိသေးတယ်လေ...
အဲ့လိုကြမ်းကြမ်းတမ်းတမ်းမနမ်းရဘူးလေ..." ဆိုပြီး ကလေးက နို့ဘူးကိုင်ပြီး အခန်းထဲကိုဝင်လာတယ်...။

"ကလေးကလည်း...သားက ချစ်ဖို့ကောင်းလို့ပါ..."

"ခစ်ခစ်..."

"အယ်...အယ်...ရယ်တယ်ပေါ့လေ...
ပါပါးသားလေးက ရယ်တယ်ပေါ့...
ဦး သားသားကိုချီထားဦး...
ကျွန်တော်နို့ဘူးတိုက်မလို့..."

"အင်း...တိုက်လေ..."

သားလေးမွေးလာပြီးမှ ပြောင်းလဲသွားတဲ့ကလေးရဲ့အကျင့်က..သူ့ကိုယ်သူ ကျွန်တော်လို့သုံးတတ်လာတာပါပဲ..။ အရင်ကလို သားလို့မသုံးဘဲ ကျွန်တော်လို့ သုံးတာလဲလို့မေးတော့...သူက ဖခင်တစ်ယောက်ဖြစ်လာပြီတဲ့..။ အဲ့တော့ အရင်ကလို ကလေးဆန်ဆန်နေလို့မရဘူးတော့ဘူးတဲ့လေ..။ ဘယ်လိုအသုံးအနှုန်းပဲပြောင်းလဲသွားသွား ကျွန်တော့်ကလေးလေးရဲ့ချစ်ဖို့ကောင်းမှုကတော့ ပြောင်းလဲမသွားပါဘူး..။

ဦးရဲ့သည်းငယ်လေး (Completed)Where stories live. Discover now