Extra (Bonus Chapter)

3.8K 474 56
                                    

ဘေးနားမှာ အိပ်ပျော်နေပြီဖြစ်သည့် ချစ်ရသူလေးအား နွေးထွေးသွားစေရန် ထယ်ယောင်းသူ့ အပေါ်ဝတ်ကို ခြုံပေးလိုက်သည်။ ကားစီယာတိုင်ပေါ်က လက်ချောင်းတွေဟာလည်း ရေဒီယိုက လာသည့် သီချင်းသံလေးအတိုင်း လှုပ်ရှားနေ၏။

အနောက်ဘက် တောင်တတ်လမ်းက တတ်လာသည်မို့ ပိုကြာသွားရပြီး အချိန်မှာ ညနေ​ငါးနာရီလောက်ရှိပြီဖြစ်သည်။

အဝါရောင်ပန်းပွင့်လေးများ၏ အသိုက်မြုံသို့ရောက်သည့်တိုင် ဘေးက အကောင်ငယ်လေးဟာ အိပ်လို့ကောင်းတုန်း။

"ဂျီမင်း"

တိုးလျညင်သာလှသော​ ခေါ်သံလေးနှင့်ပင်ကလေးငယ်ဟာ အိပ်နေရာမှ လူးလွန့်လာသည်။ အသံသေးသေးလေးတွေ ထွက်လာသည်အထိ ပျင်းကြောဆန့်ရင်း ကလေးငယ်ဟာ ကားမှန်ကတဆင့် ပတ်ဝန်းကျင်ကို တစ်ချက် စူးစမ်းကြည့်၏။

"ဟင်"

ပြီးမှ တစ်ခုခုသဘောပေါက်သွားဟန်ဖြင့် မျက်ဝန်းအိမ်လေးတွေဟာ ပြူးကျယ်လာရှာသည်။

"အိမ်ရောက်ပြီ ထတော့"

မပြောင်းလဲသေးဘဲ အဝါရောင်ပန်းပွန်လေးများ နွယ်တတ်နေသော ခြံစည်းရိုးဝင်းလေးထဲက တောင်ပေါ်အိမ်ငယ်လေးဟာ လူကြီးနှင့် petrichorတို့ရဲ့ တစ်ခုတည်းသော ခိုးနာရာလေးပေါ့။

အိမ်ငယ်လေးဟာ လူမနေတော့သည့်တိုင်အထဲက အပြင်အဆင်တို့မှာ မပြောင်းလဲသေး။ အပိုဆုလာဒ်လေးအနေနှင့် ဧည့်ခန်းစားပွဲပေါ်တင်ထားသည့် သူနှင့်လူကြီးတို့၏ ဓာတ်ပုံလေး ထောင်ထားလေသည်။

ရှားရှားပါးပါး လူကြီး ဆိုးလ်ကိုမပြန်ခင်
နတ်နန်းနားမှာ ဟိုဆော့က ရိုက်ပေးထားသည့်ပုံလေးပင်။ အဲ့အချိန်က လူကြီးနှင့် သူ ချစ်သူတွေဖြစ်နေခဲ့ကြမှန်း ဟိုဆော့တောင် မသိခဲ့သေး။

ဓာတ်ပုံလေးဘေး အပြာရောင်ပန်းအိုးထဲတွင် သူ အမျိုးအမည်မသိရသော အဝါရောင်ပန်းငယ်လေးတွေက လန်းနေစဲ။

PETRICHOR || VMINWhere stories live. Discover now