15

2.6K 501 35
                                    

Unicode

"ကိုကိုဂျွန်က မတွေ့တာကြာတော့ အများကြီး ချောလာလ်ိုက်တာ"

"ကိုကိုဂျွန် ဆိုးလ်မှာနေရတာ အဆင်ပြေလား"

"ကိုကိုဂျွန် ဗိုက်ဆာပြီလား"

"ကိိုကိုဂျွန် . . . "

"ကိိုကိုဂျွန်"

ဤသည်များမှာ အစ်ကိုနမ်ဂျွန် ရောက်လာသည့် အချိန်ကတည်းက ဟိုဆော့ ပါးစပ်မှ ကရားရေလွှတ်သလို ဆက်တိုက်ထွက်ကျလာသော စကားများပင်။

ဂျီမင်းနှင့် အဘွားတောင် အစ်ကိုနမ်ဂျွန်နှင့် အေးအေးဆေးဆေး စကားမပြောရသေး။
အကိုနမ်ဂျွန်ရောက်ကတည်းက တစ်မနက်လုံး ဟိုဆော့ တစ်ဦးတည်းသာ ဒိုင်ခံပြောဆိုနေခဲ့သည်။ ထမင်းစားဝိုင်းမှာရော၊ အိမ်ရှေ့၌ လက်ဖက်ရည်ထိုင်သောက်သည့် အချိန်အထိ ကိုကိုဂျွန်ဟူသည့် နာမည်အား ပါးစပ်ကမချ။

အဘွားက အစ်ကိုနမ်ဂျွန်အား နတ်နန်းဆီသွားပြီး ဂါရဝပြုခိုင်းတော့လည်း တောင်ပေါ်တတ်လာသည့် တစ်လျှောက်လုံး ဂျီမင်းလေးအား ရှိသည်တောင်မထင်ရ၊ နှစ်ဦးသား စကား တပြောပြောဖြင့်သာ။

"သူများ ကိုကိုနဲ့တောင် စကားကောင်းကောင်း မပြောရသေးဘူး
ဂျောင်ဟိုဆော့ ဟွန့် . .
အစုတ်ပလုပ်ကောင်"

သည်တစ်မနက်လုံး သူ့ ကိုကိုနှင့် ဟိုဆော့အားကြည့်ကာ ပတ်ဂျီမင်းလေး ပွစိပွစိပြောနေသည့် အကြိမ်အရေအတွက်မှာလည်း မနည်းတော့ပေ။

ဆောင်းဦးနှောင်းမို့ ကြွေလွင့်လာသော ရွက်ဝါတို့ဖြင့် မျက်စိပသာဒဖြစ်လှသော တောင်တတ်လမ်းဟာ အရှေ့က အတွဲကြောင့် အကျည်းတန်နေသလို။

ထို့ကြောင့် တောင်ပေါ်ရောက်သည်နှင့် သူတို့အတွဲအား ထားခဲ့ကာ လူကြီးအိမ်သို့သာ သွားရန် ဆုံးဖြတ်လိုက်သည်။

လူကြီးအကြောင်းတွေးလိုက်သည်နှင့် ဟိုတစ်နေ့က အဖြစ်အပျက်အား ပြန်တွေးမိကာ
ပါးဖောင်းဖောင်းလေးတွေသည်လည်း တစ်ဖန်ပြန် နီရဲတတ်လာရသည်။

လူကြီးစိတ်မဆိုးလောက်ပါဘူးနော် . .

"အွီး . . ပတ်ဂျီမင်း အရှက်မရှိကောင်"

PETRICHOR || VMINWhere stories live. Discover now