13

2.7K 509 35
                                    

Unicode

တနင်္လာနေ့ မနက်။
အချိန်အားဖြင့် ရှစ်နာရီ လေးဆယ့်ငါးမိနစ်။

ကျောင်းဝင်းအပြင်ဘက် ထောင့်ကျကျနေရာတစ်ခု၌ စကားပြောနေသော လူနှစ်ဦးရှိနေပြီး အနှီလူတို့အား အဝေးတစ်နေရာမှ စောင့်ကြည့်နေသည့် ကောင်လေးတစ်ဦးလည်းရှိသည်။

စကားပြောနေကြသည့် လူနှစ်ဦးထဲမှ တစ်ဦးက တောင်းပန်ခယနေဟန်ရှိပြီး နောက်တစ်ဦးဟာတော့ ပထမတစ်ဦးနှင့် ဆန့်ကျင်စွာ အနည်းငယ် စိတ်ညစ်နေဟန်ရှိသော်လည်း အမူအရာမှာ တည်ငြိမ်နေ၏။

"ဘာတွေပြောနေလို့
ဒီလောက်တောင်ကြာနေရတာလဲ"

စောင့်ကြည့်နေသော ကောင်လေးက စိတ်မရှည်စွာ ညည်းတွားလိုက်သည်။

"ပတ်ဂျီမင်းတို့ ဘာတွေမွှေထားပြန်ပြီလဲ
မသိဘူး"

ကောင်လေးဟာ သူငယ်ချင်းဖြစ်သူနှင့် စကားပြောနေသော အမျိုးသားအား ကြည့်ရင်း ခြေတဆောင့်ဆောင့်ဖြင့် ပွစိပွစိ ပြောနေပြန်သည်။

ကြာတော့ သူ စိတ်မရှည်ချင်တော့။ ဟုတ်တော့လည်း ဟုတ်သည်လေ။ ပိတ်ရက်မှာ
နှစ်ရက်ကြီးများတောင် မတွေ့ရသည့် သူငယ်ချင်းဖြစ်သူအား အလွမ်းသယ်ရန် ကြံရုံရှိသေးသည် အသိဆိုသည့်တစ်ယောက်ရောက်လာပြီး ပတ်ဂျီမင်းအား ခေါ်ထုတ်သွားလေတော့သည်။ သည်တင်မကသေး သူ့ကိုအနားလာမနေခိုင်းဘဲ အဝေးကစောင့်နေခိုင်းသေးသည်။

"စကားပြောနေတာ ဆယ့်ငါးမိနစ်လောက်ရှိပြီ ၊ ခဏနေကျောင်းတတ်တော့မယ် . .  သင်းက လေရှည်လို့မပြီးတော့ဘူး
ဟွန့် . . . ဂျောင်ဟိုဆော့ကို ဒီလိုလုပ်လို့ဘယ်ရမလဲ"

ထိုသို့ကြုံးဝါးပြီးနောက် ​သူငယ်ချင်းဖြစ်သူပတ်ဂျီမင်းရှိရာသို့ ခြေလှမ်းများအား ဦးတည်လိုက်သည်။

"ယား . . ပတ်ဂျီမင်း မပြီးသေးဘူးလား"

ပတ်ဂျီမင်းဟု နာမည်တပ်ခေါ်လိုက်သော်ငြား  အကြည့်စူးစူးတို့က ဂျီမင်းရှေ့မှ လူဆီသို့ ပို့လွတ်လိုက်သည်။ အာရုံလာနောက် မနေဘဲ မြန်မြန်သွားတော့ဟူသော အကြည့်မျိုးပင်။

PETRICHOR || VMINWhere stories live. Discover now