3

3.3K 605 19
                                    

Unicode

လူစိမ်း၏ ခြေလှမ်းကျဲကျဲနောက်သို့ ဂျီမင်းခပ်သွက်သွက်လေး ပြေးလိုက်သွားတော့သည်။

တောင်ပေါ်လမ်းအတိုင်း တတ်သွားသော လူစိမ်းကြောင့် အနောက်အိမ်၌နေသည့် သူမှန်း ပိုသေချာသွားရသည်။

ဂျီမင်းဟာ ရေညှိတွေဖြင့် ချောနေသည့် လှေကားလမ်းအတိုင်း မြန်မြန်ဆန်ဆန်တတ်သွားသော လူစိမ်းနောက် မနည်းမှီအောင် သတ်ိဖြင့် လိုက်တတ်နေရ၏။

ပုစွန်ဆီရောင် ကောင်းကင်ဟာ တဖြည်းဖြည်း နက်ပြာရောင်သန်းလို့လာပြီး ဝန်းကျင်တစ်ခွင်၌လည်း တစိမ့်စိမ့်အအေးဓာတ်လေး တိုးဝင်လျက်။

နောက်ထပ် ဆယ့်ငါးမိနစ်လောက်ထပ်သွားပြီးနောက်တွင် တောင်ပေါ်သို့ ရောက်သွားသည်။ ထိုလူစိမ်းဟာ နတ်နန်းအားကျော်ပြီး အနောက်အိမ်ဘက်လမ်းသို့ ကွေ့ဝင်သွားကြောင်း ဂျီမင်း အတည်ပြုနိုင်လိုက်သည်။

အဝါရောင်ပန်းပွင့် သေးသေးလေးများပွင့်ရာနွယ်တချို့ တွယ်တတ်နေသော အုတ်နံရံ ခြံစည်းရိုးလေးထဲ ဝင်သွားပြီးနောက် လူစိမ်းဟာ သူ့အိတ်ကပ်ထဲမှ သော့ဖြင့် အိမ်တံခါးအား ဖွင့်နေသည်။

"ဒါဆို အိမ်ထဲမှာလူမရှိဘူးပေါ့ . . တစ်ယောက်ထဲနေတာလားမသိဘူး !!
ဘာလို့ ဒီကိုတစ်ယောက်ထဲလာနေတာလဲ . . . "

မနေ့က ဟိုဆော့နှင့် နှစ်ယောက် ချောင်းကြည့်ခဲ့ကြသည့်နေရာ၌ပင် တစ်ယောက်တည်းမေးခွန်းပေါင်းများစွာ မေးနေသည့် ပတ်ဂျီမင်းလေးသည် ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မဲလာသည်ကိုတောင် ယခုမှ သတိရတော့သည်။

"အာ . .မိုးတောင်ချုပ်နေပြီ
အဖွားတော့ဆူတော့မှာပဲ"

စပ်စုစိန်လေးသည် ထောက်လှမ်းရေးအလုပ်အား နှမြောစွာလက်လျော့လိုက်ရပြီး လမ်းမီးမရှိပဲ မှောင်နေသော တောင်လမ်းအတ်ိုင်း ဖုန်းမီးအားကိုးနှင့် အမြန်ဆင်းသွားတော့၏။

ထို့နောက် နတ်နန်းအနောက်ဘက် အိမ်လေးအတွင်း မီးအိမ်ငယ်အား ထွန်းညှိနေသော  လူစိမ်းဟာ တိုးတိမ်စွာ ရေရွတ်လေသည်။

"အရှုပ်ထုတ်လေးပဲ"

***

"ဒါဆို မင်းသူ့နောက်လိုက်သွားတာပေါ့ !!!"

PETRICHOR || VMINWhere stories live. Discover now