"ဟုတ်..ရွှတ်..."

နေမင်းဧကရာဇ်လည်း သားသားရဲ့ဆံပင်လေးကိုလက်လေးနဲ့ထောင်ပေးလိုက်ပြီး..ပုဆိုးလေးကို ခါးပတ်နဲ့သေချာဝတ်ပေးကာ အပြင်ကိုခေါ်လာလိုက်တယ်..။

အပြင်ရောက်တော့..သားသားစထားပြီး ပြုံးဖြီးနေတဲ့သူရဖုန်းမြင့်က ကားနားမှာရပ်စောင့်နေတယ်..။

သားသားကသူ့ကိုတွေ့ရော..သူ့ဖေဖေရဲ့ပခုံးကိုဖက်ထားပြီး မျက်နှာကိုအနောက်ပို့ထားလိုက်သည်..။ သားသားစိတ်ကောက်နေပြီဆိုတာ သိပြီမို့..သူရဖုန်းမြင့်လည်း နေမင်းဧကရာဇ်ရဲ့အနားကိုသွားပြီး သားသားကိုချော့ရသည်..။

"သားသားကလည်းကွာ..ပါပါးက ချစ်လို့စတာပါ...စိတ်မဆိုးပါနဲ့..."

"ဟွန့်..."

"သားသားကလည်း ဟိုရောက်ရင် ပါပါးရေခဲမုန့်ယူကျွေးမယ်လေနော်.."

"ဟွန့်..."

"ဒါမှမဟုတ်..အပြန်ကျရင် တို့သားဖ၃ယောက် တုတ်ထိုးဝင်စားကြမလား..." လို့လည်းပြောလိုက်ရော..ဧကရာဇ်ဖုန်းမြင့်တစ်ယောက် မျက်လုံးတွေအရောင်လက်လာကာ သူ့ပါပါးကိုပြန်ကြည့်လာသည်..။

"ဟာ..ဟေ့ ကလေးစားချင်နေတာမလား...
ဘာကို သားသားကိုအဖော်ညှိနေတာလဲ?..."

"အတူတူပဲဟာကို...
သားသားလည်းစားချင်နေတာမလား..."

"ဟီးဟီး...ဟုတ်..."

"ဒါမှပေါ့...လာ ပါပါးဆီကို...
ညနေကျရင်တုတ်ထိုးဝင်စားကြမယ်နော်..."

"အွန်း...ချားမယ် ချားမယ်..."

"ဦးကလိုက်ကျွေးမယ်ပြောလို့လား..."

"ဦးမကျွေးလည်းရတယ်...
ဝေလင်းဆီက ခဲဖိုးတောင်ထားတယ်...
ဖေဖေလိုက်မပို့လည်း ပါပါးလိုက်ပို့မယ်နော်..."

"ဟုတ်..."

"လုပ်နေလိုက်...လုက်နေလိုက်..."

"လာပါ...မြန်မြန်မောင်းတော့...
မင်္ဂလာပွဲချိန်နီးနေပြီ..သွားကြမယ်..."

ပြောလိုက်မှပဲ...ဦးက ကားပေါ်ကိုတက်ကာ မင်္ဂလာပွဲဆီမောင်းလိုက်သည်..။

................................

    မင်္ဂလာပွဲလို့ရောက်လို့..ပွဲစပြီဆိုတာနဲ့ သူရဖုန်းမြင့်တို့သားဖက လာချသမျှထောပတ်ထမင်းတွေကို တစ်ပွဲပြီးတစ်ပွဲ ဝါးတီးဆွဲပါတော့သည်..။ သူရဖုန်းမြင့်အငယ်စားလို့မှတ်ရလောက်အောင် ဧကရာဇ်ဖုန်းမြင့်ဟာလည်း နှုတ်ခမ်းနားတစ်ဝှိုက်မှာ ထမင်းလုံးတွေကပ်နေသည်အထိကို စားပါသည်..။

ဦးရဲ့သည်းငယ်လေး (Completed)Where stories live. Discover now