💜 S3 EP - 32 💜

Începe de la început
                                    

ဒါ့အပြင် အနက်ရောင်ကော်လန်တီရှပ်လက်ရှည်ကိုလည်ပင်းအောက်ကကျယ်သီးသုံးလုံးဖြုတ်ထားပြီး အကျီလက်ကိုတံတောင်ဆစ်အထိခေါက်ထားပြီးစတိုင်လ်ဘောင်းဘီအနက်နှင့် တကယ်ပင်မူးလောက်အောင်ချောလွန်းနေတော့သည် ။ Demon ရဲ့ စူးရှပြီးယုံကြည့မှု့အပြည့်ရှိတဲ့အကြည့်နဲ့ကိုယ်အရှိန်ဝါတစ်ခုကြောင့် သူ့အနားမှာနေရသူတွေအနည်းငယ်ရှိန်နိုင်တဲ့သဘောမှာရှိသည်။

" ဟေး ကိုကို မောင့်ကိုဘာလို့အဲ့လောက်တောင်ကြည့်နေတာလဲ.."

" ကိုယ့်ချစ်သူ က အရမ်းချောနေလို့လေ.. ဒီအတိုင်းသာဆို ဟိုရောက်ရင် ကိုယ် မောင့်ကိုသဝန်တိုရတော့မယ်ထင်တယ် "

" အဟွန်း..စိတ်ချ အဲ့လိုကိစ္စမျိုးရှိမလာစေရဘူး..ရှိလာရင်တောင် ကိုကိုမှန်ကြည့်ပြီးသဝန်တိုရမယ့်အဖြစ်ပဲမို့ "

" ကောင်းပါပြီ စောင့်ကြည့်ရတာပေါ့ "

ထိုသို့ပြောပြီး စနောက်နောက် နှင့်ပြုံ၍ပင် တစ်ယောက်နဲ့တစ်ယောက်စိုက်ကြည့်နေသည်။ နှိုင်း သည် Demon မျက်ခုံးနားထိရောက်နေတဲ့ဆံပင်ကိုအပေါ်အနည်းငယ်သပ်တင်ပေးလိုက်သည်။

" သွားရအောင်လေ ဟိုမှာမောင့်ကိုစောင့်နေကြပြီ"

" အင်း "

Demon က နောက်မှာထွက်လာတဲ့ Calvin တို့ကိုကြည့်ကာ..

" အဆင်သင့်ဖြစ်ပြီလား.. "

" စီစဥ်ထားတာအကုန် Okay ပြီ "

" အဲ့တာဆို သွားကြရအောင် ... ကိုကို့အကျီပေး မောင်ကိုင်ထားပေးမယ် "

" ရပါတယ် ကိုယ်ပဲ ကိုင်ခဲ့မယ် "

" ပေးပါ.. "

Demon လက်တစ်ဖက်က နှိုင်း ကုတ်အကျီကိုကိုင်ထားပေးပြီး ကျန်တဖက်က နှိုင်း လက်ကိုသေချာစွာဆုတ်ကိုင်ပြီးလေယာဥ်ပေါ်ကဆင်းလာခဲ့သည်။ Demon တို့နောက်တွင် Logan .. Calvin နှင့် Eric တို့လည်းပါသည်။

အောက်တွင်အသက် ၅၀ ကျော် တွမ်ခမ်နား နှင့်သူ့သားနှစ်ယောက်က စောင့်နေပေးသည် ။သူတို့ရဲ့ အရပ်အမောင်းနဲ့အသားအရည်ဟာ Demon နဲ့တန်းတူမဟုတ်သော် Demon ထက်အနည်းငယ်ပင်နိမ့်နိုင်ပေမယ့် နှိုင်း နဲ့ ယှဥ်ရင်တော့ နှိုင်း က လူကောင်သေးသွားသလိုပင်။

ကိုကိုရဲ့ကလေးငယ် S3 [ Completed ]Unde poveștirile trăiesc. Descoperă acum