"ဟုတ် ပါပါး...
ပါပါး ကြောက်နဲ့နော်...
ပေပေ ရာရိမ့်မယ်.."

"အင်းအင်း...ပါပါးသားလေးက အတော်ဆုံး..ရွှတ်..."

"ဟုတ်..."

အရှေ့မှာ သားဖ၂ယောက်ချစ်ပြနေတာကိုကြည့်ပြီး..ဒေါ်သီတာမှာ ကြည့်မရဖြစ်လာသည်..။

"ကိုဖုန်းမြင့် ရှင်ဒီတိုင်းပဲထိုင်ကြည့်ပြီးရယ်နေမှာလား...
ရှင့်မြေးကို လာမခေါ်ဘူးလား..."

"ကိုယ်က ဘာလုပ်လို့ရမှာလဲ? မိန်းမရာ..
မြေးက သူ့ဖအေကိုချစ်လို့ကာပေးနေတာ ကိုယ်ကဘာလုပ်လို့ရမှာလဲ?..
ပြီးတာလည်းပြီးပြီလေကွာ...သားငယ်ကိုရိုက်လို့လည်း ဘာမှဖြစ်လာမှာမှမဟုတ်တာ..."

"ဟုတ်တယ်..."   "ဟုတ်ရယ်..."

"အောင်မယ်...၂ယောက်လုံး အတိုင်ပေါက်ညီနေကျသေးတယ်...ငါလုပ်လိုက်ရ..." ဆိုပြီး ဒေါ်သီတာ ကြိမ်လုံေးလးမြှောက်လိုက်ရုံပဲ ရှိသေးတယ်..သားဖ၂ယောက်လုံး ခေါင်းပုသွားကြတယ်..။

"မလုပ်ပါနဲ့...မလုပ်ပါနဲ့ အမေရယ်...
ဘာကိစ္စမှန်းမသိပေမဲ့ ရိုက်ချင်ရင်ကျွန်တော့်ကိုပဲရိုက်ပါ...
ကလေးကို မရိုက်ပါနဲ့..."

ရုတ်တရက်ကြီး အိမ်ထဲကိုပြေးဝင်လာကာ..ဧကရာဇ်ဖုန်းမြင့်နဲ့သူရဖုန်းမြင့်ရဲ့ကြားကိုဝင်ပြီး ဒေါ်သီတာကို တောင်းပန်နေတာမို့..ဒေါ်သီတာမှာ ရပ်နေရင်းကြောင်သွားသည်..။

"မောင်နေမင်း မင်းကဘာသိလို့လာပြောနေတာလဲကွဲ့..."

"သိတော့ မသိပါဘူး...
ဒါပေမဲ့ ကလေးကိုမရိုက်ပါနဲ့..."

"ဟင်း...မင်းနှယ့်တော့...
မင်းယောက်ျား ဘာလုပ်လိုက်တယ်ထင်လို့လဲ?..."

"ဘာလုက်လို့လဲဟင်..."

"မငယ်ကိုလေ ဝေလင်းကိုခိုးဖို့ သူအကြံပေးလိုက်တာတဲ့..."

"ဗျာ..."

"ဟုတ်တယ်...ဘယ်အချိန်ထဲက ယောက်ဖတော်ချင်နေလဲမသိဘူး...
အခုတော့ မငယ်ပါသွားပြီလေ..."

"ဟုတ်...ဒါပေမဲ့လည်း...
မငယ်က ဆန္ဒပါမှလိုက်လို့ရတာလေ...
ကလေးဘက်က အကြံပေးလိုက်လည်း သူလိုက်ချင်မှဖြစ်တာပဲကို...
ကလေးနဲ့ဆိုင်တာမှမဟုတ်တာ.."

ဦးရဲ့သည်းငယ်လေး (Completed)Where stories live. Discover now