Epi-8

3.7K 314 13
                                    

Unicode

ခန့်ရွှေစည်တစ်ယောက် မိဘများ ဆရာတော်ဘုရားနှင့်စကားများပြောနေကြသဖြင့် မိမိလဲ ပတ်ဝန်းကျင်အား မျက်စိကစားနေလိုက်သည်။ထိုအခိုက် မြင်ကွင်းထဲဝင်လာသော အဝါရောင်ပုံရိပ်ကလေး။ ရွာသူရွာသားတွေအတွက် ပြုလုပ်ပေးထားသောဝင်ပေါက်မှဝင်လာသော ထိုပုံရိပ်လေး။ တစ်ခါမှမရောက်ဖူးသည်ထင် ဟိုကြည့်ဒီကြည့်နှင့် ပါးစပ်လေးကလဲ ဟနေပြီး မြင်မြင်သမျှ အံ့သြ နေသယောင်။ မျက်လုံးလေးများကလဲ အရောင်လတ်နေတာ ပီဘိကလေးငယ်သဖွယ်။တစ်ဖန် အတွေးထဲနစ်မြှုပ်သွားသည်ထင်ပါတယ် ကျောက်ရုပ်လေးပမာ ရပ်နေပြီး ရှေ့ဆက်မသွားတော့ပေ။ ခန့်ရွှေစည်တစ်ယောက်၏ကကြီးပုံသဏ္ဍာန်မထူမပါးနှုတ်ခမ်းတစ်စုံဟာ မသိမသာကော့ညွတ်သွားတော့သည်။နှုတ်ခမ်းမှလဲ စကားလုံးတစ်ချိူ့ ရေရွတ်လိုက်မိသည်။

'ဟက် ချစ်ဖို့ကောင်းလိုက်တာ ဘာလေးလဲဟ'

ကျောက်ရုပ်လေးပမာ ရပ်နေရင်းက အရှေ့မှသူ၏အမေဖြစ်ဟန်တူသည့် အန်တီတစ်ယောက်က စကားပြောလိုက်ပုံရသည် ကျောက်ရုပ်လေး လှုပ်လှုပ်ရှားရှားဖြစ်လာပြီး မိမိတို့ရှိရာအရပ်ကို လှည့်ကြည့်လာလေသည်။တစ်ဖန် မိမိကို စိုက်ကြည့်ပြီး ပါးစပ်မှလဲပွစိ ပွစိဖြင့်ဘာတွေပြောနေသည်မသိ၊ တစ်ဖန် မိမိအား ထိုဝါပုလေးက မျက်စောင်းထိုးသတဲ့ဗျား။ ခန့်ရွှေစည်တစ်ယောက်မျက်လုံးပင်ပြူးသွားရတော့သည်။မိမိမှာ ဒယ်ဒီနှင့်မာမီ၏နောက်တွင် လက်နှစ်ဖက်အားရှေ့သို့ပို့ကာ ညာဖက်လက်ပေါ် ဘယ်ဖက်လက်ကိုင်ထားရင်း ရပ်နေခြင်း။ဒါကို ထိုဝါပုလေး ဘာမကျေနပ်သည်မသိ လေဆာ​ေွေလှမ်းပစ်နေသည်။မိမိမှာတော့ ပြုံးပြီးရင်းကို ပြုံးမိနေတော့သည်။ဆရာတော်ဘုရားအား လျှောက်တင်စရာရှိတာ လျှောက်တင်ပြီးသဖြင့် မိမိတို့တည်းခိုရာအိမ်သို့ပြန်ရန် အကြောင်းဖန်လာတော့သည်။
'ဟူး.......' ခန့်ရွှေစည်တစ်ယောက် သက်ပြင်းအသာချလိုက်ရင်း စိတ်ထဲမှလဲ ဆုတောင်းမိလိုက်သည်။

"ဝါပုလေးရေ ကိုယ်တို့်ကံမကုန်ရင် ပြန်ဆုံချင်သေးတယ်"
ပြောရင်း ဘုန်းကြီးကျောင်းမှ ကားအားမောင်းထွက်လာလိုက်တော့သည်။

𝑴𝒚 𝑰𝒏𝒗𝒂𝒍𝒖𝒂𝒃𝒍𝒆 𝑭𝒂𝒏 (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)Where stories live. Discover now