Epi-7

3.8K 320 13
                                    

Unicode

မနက်ဖန် ခရီးသွားရမည်ဖြစ်သည့်အတွက် ထုံးစံအတိုင်း တတိုင်းတစ်ယောက် အိပ်လို့် မပျော်တော့ပေ။ တစ်ခါမှ မသွားဖူးတဲ့ခရီးဖြစ်၍ လူကစိတ်လှုပ်ရှားတာရော၊ လိုက်မိတာမှားသွားပြီလားဟူသည့်နောင်တရော တစ်ပြိုက်နက်ထဲ ဝင်လာသဖြင့် လူကအိပ်၍လုံးဝမပျော်တော့​ေပ။အကျင့်တစ်ခုရှိသည်။ ခရီးတွေဘာတွေသွားရရင် အိမ်ကိုအရမ်းလွမ်းတတ်တယ်။သုံးနေကျအသုံးအဆောင်ပစ္စည်းတွေ ၊ အိပ်ရာတွေ စသည်တွေကိုအကုန်သတိရလွမ်းဆွတ်တတ်သည်။ စသွားတုန်းကတော့ မရောက်ဖူးတဲ့ အရပ်ဒေသကို သွားရမည်ဟုတွေးရင်း ပျော်နေတတ်သလို ၊ ထိုအရပ်ဒေသကိုရောက်ရင်လည်း အိမ်ကိုသာအမြန်ပြန်လာချင်သည်။ အစွဲလမ်းသိပ်ကြီးတတ်တဲ့ သူဟာ အမြဲတမ်းနာကျင်ခံစားခဲ့ရတယ်။ လူတွေနဲ့ဝေးရာမှာ နေထိုင်လာဖြစ်ခဲ့တယ်။ ဒါမဲ့ ဘဝရဲ့
ဒုတိယ မိသားစုဖြစ်တဲ့သူငယ်ချင်းတွေကိုတော့ အမြဲ အလေးထားခဲ့သည်။ ဟင်း...... သက်ပြင်းရှည်တစ်ခု ချလိုက်ပြီး မျက်လုံးများအား အနားယူရန်မှိတ်လိုက်တော့ အရမ်းတွေစပ်ကာ မျက်ရည်​ေတွ ဝေ့လာတော့သည်။ စားပွဲပေါ်မှနာရီအား အကြည့်ပို့လိုက်မိတော့ ည၁၁နာရီပင် ခွဲနေချေပြီ။

"နောက်တောင် ကျနေပြီ  မြန်မြန်အိပ်မှပါ မနက်စောစောထသွားရမှာ"

နှုတ်ကရွတ်လိုက်ရင်း မျက်လုံးတွေကိုအသာပြန်မှိတ်လိုက်ရင်း အိပ်စက်ခြင်းဆီသို့။

မနက်၅နာရီလောက်မှာတော့ မေမေကလာနှိုးလို့ နိုးလာခဲ့ပြီး ပြင်ဆင်စရာရှိတာ ပြင်ဆင်ကာ ဘာတွေလိုအပ်သေးလဲ တစ်ခါထပ်စစ်လိုက်ရင်း စိတ်ကျေနပ်ပြီဆိုမှ အထုပ်တွေအား သေချာပိတ်ကာ အဝတ်ခန်းထဲ ဝင်လာလိုက်သည်။
အခန်းထဲဝင်လိုက်သည်နှင့် သင်းပျံ့စွာ ရရှိလာတဲ့ ရနံ့လေး။ ထိုရနံ့ကား စံပယ်ရနံ့ ။

ဘယ်ဖက်သွားစွယ်လေးတစ်ဖက်ပေါ်အောင်ထိ ရယ်လိုက်ရင်း အဝတ်ဗီဒိုကြီးအား ဆွဲဖွင့်လိုက်သည်။ များစွာသော အဝတ်တွေများထဲမှ T-shirt အဝါရောင်အင်္ကျီလေးနှင့် JJဘောင်းဘီရှည် အဝါရောင်လေးအား ထုတ်ယူလိုက်ပြီး အပေါ်ဝတ်အနွေးထည်အတွက်တော့ ဖလန်နယ်အင်္ကျီ  အဖြူနဲ့အနက်ကိုအကွက်ကျဲကျဲနဲ့ဖန်တီးထားသော အင်္ကျီလက်ရှည်တစ်ထည်ကိုပါ ထုတ်လိုက်သည်။ Hat crazy တစ်ယောက်မို့ များစွာသော ဦးထုပ်များထဲမှ black & white ရောထားသော လျှာထိုးဦးထုပ်အား ရွေးချယ်လိုက်ကာ ဝတ်စားဆင်ယဥ်လိုက်တော့သည်။ တစ်ကိုယ်လုံးပေါ်သောမှန်ကြီးအရှေ့မှ ရပ်ကာ မှန်ထဲမှပုံရိပ်အားကြည့်ကာ တစ်ခွန်းထဲ ပြောလိုက်တော့သည်။

𝑴𝒚 𝑰𝒏𝒗𝒂𝒍𝒖𝒂𝒃𝒍𝒆 𝑭𝒂𝒏 (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)Where stories live. Discover now