Chapter(203) - မက်မွန်ပန်းလေး

Start from the beginning
                                    

ဟွမ်ဖူဂျင်မွေးဖွားချိန်တွင်သာပိုင်ရိချန် ကဒဏ္ဍာရီလာနမိတ်ဖတ်သူအားရှာဖွေ ရန်ပိုင်အိမ်တော်မှမိုင်ပေါင်းများစွာဝေး ကွာသည့်နေရာကိုတစ်ကြိမ်ထွက်ခွာခဲ့သည်။

အဲ့ဒီနောက်မှာပိုင်ရိချန်ကအရှေ့ဘက် တိုက်ကြီး၏နက်ရှိုင်းမြို့ကိုသွားဖို့ရွေး ချယ်ခဲ့ပြီးကံကြမ္မာအရရောက်လာမည့် သူအားစောင့်ဆိုင်းနေခဲ့သည်။

အဲ့ဒါကလွဲရင်သူကအပြင်ဘက် ကမ္ဘာကြီးနဲ့ထိတွေ့ဆက်ဆံနိုင်တဲ့ မည့်သည့်အခွင့်အရေးမှမရှိခဲ့ပေ။

ဒီနေ့ပိုင်ရိချန်ကဟွမ်ဖူဂျင်ကိုရုတ်တရက် တွေ့ချင်ခဲ့ပေမယ့်သူလုပ်သမျှအရာအား လုံးကသူ့ကိုအနည်းငယ်စနောက်တာနဲ့ ဟွမ်ဖူဂျင်နဲ့သူနဲ့ကြားလေးစားစရာ ကောင်းတဲ့အကွာအဝေးတစ်ခုခြား နားလိုက်တာပဲရှိသည်။

ပိုင်ဝူယရဲ့လျှာတစ်လျှောက်မှာ ခါးသက်မှုတစ်ခုပျံ့နှံ့လာရသည်။

ပိုင်ရိချန်ကပရိယာယ်များတဲ့သူဖြစ်ပြီး ပရိယာယ်များတဲ့သူကသဘာဝကိုက အထီးကျန်ဖို့ကံကြမ္မာပါသည်လေ။

ဟွမ်ဖူဂျင်မြို့သခင်အိမ်တော်ကိုပြန် ရောက်တဲ့အချိန်မှာအစေခံတစ်ယောက် လာပြီးပြောသည်ကိုကြားလိုက်ရသည်။

"သခင်လေး...လန်သခင်လေး ရောက်နေပါတယ်"

ဟွမ်ဖူဂျင်ကပထမတော့ကြည့်ရတာ မှုန်မှိုင်းနေခဲ့သော်လည်းချက်ချင်းပင် တက်ကြွသွားသည်။

"သူဘယ်တုန်းကရောက်တာလဲ?"

"သူဒီကိုရောက်တာတော်တော်လေး တော့ကြာပါပြီ"အစေခံလေးကပြန်ဖြေသည်။

ဟွမ်ဖူဂျင်ကသူ့အရှိန်ကိုမြှင့်လိုက်ပြီး အခန်းထဲသို့အမြန်ဝင်သွားတော့၏။

လန်ဂျီရွှယ်ကအပြင်လူမဟုတ်တာ ကြောင့်ကြိုတင်အကြောင်းမကြား ထားပဲလာတဲ့အချိန်တိုင်းစောင့်ဆိုင်း ရန်သူ့အခန်းထဲသို့သာတည့်တည့်သွား လိမ့်မည်။

အခန်းထဲမှာကအပြင်မှာထက်ပိုပြီး နွေးထွေးတာသိသာလှပြီးအဲ့ဒါက အပူချိန်ကိုမြှင့်ရန်အခန်းရဲ့ထောင့်တိုင်း မှာထည့်ထားသည့်မီးတောက်တိမ်တိုက် ကျောက်တုန်းလေးခုရဲ့ကျေးဇူးကြောင့် ပင်ဖြစ်သည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now