Epi-6

3.9K 310 8
                                    

Unicode

စကားတစ်ခွန်းမှမဆိုကြတော့ပဲ အပ်ကျသံပင်ကြားရလောက်အောင် တိတ်ဆိတ်နေသော ထမင်းဝိုင်းအား စတင်ဖြိုခွင်း သူကတော့

"ကျွန်တော့်ကို ပြောစရာရှိတယ်ဆို ဘာပြောမလို့လဲဟင် အလုပ်တွေရှိသေးလို့"

စကားအစချီရင်း ထမင်းစားခြင်းအမှု့အား ရပ်တန့်လိုက်ကာ ငြိမ်သက်စွာ ပြောလာမည်ကို စောင့်နေလိုက်တော့သည်။ထိုအခါမှ

"အင်း သားခန့် မာမီတို့ ရွာကိုဗုဒ္ဓဟူးနေ့လောက်သွားကြရအောင်လေ နှစ်တိုင်းက မွေးနေ့မှသွားခဲ့ကြပေမဲ့ ဒီနှစ်စောစောသွားရအောင် မာမီစီစဥ်ထားတယ် သားသဘောကရော ဘယ်လိုလဲ"

သူစီစဥ်ထားသမျှကို သဘော တူ မတူပြန်မေးနေသော မာမီအားအရမ်းလေးစားရပါသည်။အကြောင်းမှာတော့ မာမီသည် မိသားစုကိုအလေးထားသည်။ ဘယ်တော့မှ တစ်ဦးထဲဆုံးဖြတ်ချက်နဲ့ ကိုယ်ထင်ရာမစိုင်းခဲ့။ဆွေးနွေးသင့်တာ ဆွေးနွေးသလို၊တိုင်ပင်သင့်တာ တိုင်ပင်သည်။အခုလဲ သူစီစဥ်ထားတာကို သဘောမတူရင် အဆင်ပြေအောင်အသစ်ပြောင်းပြီး စီစဥ်ပေးမည့်သူမျိူး။အလုပ်တွေလဲပြီးသလောက်ပင်ဖြစ်နေပြီမို့ အဆင်မပြေစရာမရှိသည့်အတွက် မာမီအား

"အဆင်ပြေတယ် မာမီ ကျန်တာမာမီပဲစီစဥ်ပေးပါအုံး ဒါဆို သား အလုပ်သွားလုပ်တော့မယ်နော်"

အဆင်ပြေကြောင်းပြောရင်း ထမင်းစားဝိုင်းမှ ထဖို့ပါ ပြောလိုက်တော့လည်း အပြုံးနုနုဖြင့်

"သွားလေ သား သွား အရမ်းကြီး ညနက်အောင်လဲ မလုပ်နဲ့နော်"

စိုးရိမ်သံစွတ်စွာ မှာနေသဖြင့် မာမီအား

"ဟုတ် မာမီ ဒါဆို သား ထပြီနော် ဒယ်ဒီ သား ထပြီ"

နှစ်ယောက်လုံးအား နှုတ်ဆက်ရင်း အပေါ်ထပ်ဆီ တက်လာခဲ့တော့သည်။

ခမ်းနားလှပတဲ့အိမ်ကြီးအတွင်းမှာတော့ အရင်လို ဆူညံသံလေးတွေ၊ ပျော်ရွှင်စွာ ရယ်မောသံလေးတွေ၊ ခုန်ပေါက်ပြေးလွှားတဲ့ ပုံရိပ်လေးတွေ ဘာဆိုဘာမှ မမြင်ရ၊မတွေ့ရတော့ပေ။ အကြောင်းမှာတော့ အိမ်ကြီးရဲ့ အငယ်ဆုံးလေး အခန်းထဲက အခန်းပြင်ပင် မထွက်သောကြောင့်ဖြစ်သည်။ထိုရတနာလေးသည် အိမ့်ဆည်းလည်းလေးဆိုလဲ မမှားပေ။ သူလေးနဲ့ဆုံလျှင် သောကဒုက္ခတွေ ခနတာမျှ ငြိမ်းချမ်းရသည်သာ။ဆုံတွေ့လျှင် အမြဲပြုံးပျော်နေတတ်ပြီး ဘယ်သောအခါမှ စိတ်ညစ်မှု့ဟူသည်မရှိတတ်။ ဘယ်တော့မှလည်း ဘာဖြစ်နေပါတယ် မပြောတတ်သူ။ ထိုသို့သော ရတနာလေးကား အခန်းထဲက မထွက်သည်မှာ ၁ရက်နဲ့တစ်မနက်ရှိခဲ့ပြီ။ ဘယ်သူမှလဲ သွားမခေါ်ရဲပေ။
အဘယ်ကြောင့်ဆိုသော် ထိုရတနာလေးသည် အကောင်သေးသလောက် အသံပြင်းလို့၊ အော်လိုက်ရင် အနားမှာ ဘယ်သူမှမနေနိုင်ကြတော့ အကုန်ပြေးရစမြဲ။ အခုတော့ ထိုအကောင်ပိစိလေးကို ခေါ်ရန် လှေကားထိပ်တွင် မိခင်နှင့်ဖခင်ဖြစ်သူ ဗိုလ်/ကျား ဆွဲနေကြတာကို မြင်ရမည်ဖြစ်သည်။

𝑴𝒚 𝑰𝒏𝒗𝒂𝒍𝒖𝒂𝒃𝒍𝒆 𝑭𝒂𝒏 (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)Where stories live. Discover now