သားသားရဲ့နာမည်ကိုတော့..သားသားရဲ့ရက်တစ်ရာပြည့်မှာ...သူ့ရဲ့ဖေဖေ ဦးကပဲပေးထားတာဖြစ်သည်..။ မေမေတို့အိမ်ကိုတော့..တစ်ပတ်မှာ ၁ရက်လောက်တော့ သွားလည်ဖြစ်တယ်...။ သားသားကလည်း ရောက်တဲ့နေရာမှာ နေတတ်တော့..ဖိုးဖိုးဖွားဖွားတွေ အဒေါ်တွေရဲ့အသည်းကျော်လေးဖြစ်နေတာပေါ့...။

"သားသားရေ...ပါပါးနဲ့အတူ မန်မန်းစားမယ်နော်..."

"ပါး....မန်...မန်..." ဆိုပြီး ထမင်းကိုပန်းကန်ကိုလက်ညိုးနဲ့ထိုးပြကာ ပြောလာတယ်..။

"အင်း မန်မန်...သားသား စားမယ်မလား..."

"အင်...ခစ်ခစ်..." ဆိုပြီး လက်ခုပ်ဝါးတီးကာ ရယ်ပြီးပြောလာတယ်..။

"အား...ပါပါးသားလေးက ချစ်ဖို့ကောင်းလိုက်တာကွာ..."

သားသားရဲ့နမ်းမဝဖြစ်တဲ့ပါးဖောင်းကြီးနှစ်ဖက်ကိုနမ်းပြီး ပြောလိုက်တယ်..။

"မန်...မန်..."

"အင်းအင်း...ကျွေးမယ်နော်...အာ...." လို့လည်းပြောလိုက်ရော..ပါးစပ်လေးကိုဟပေးလာတယ်..။

"အား...ချစ်ဖို့ကောင်းလိုက်တာကွာ...
ပါပါးသားကြ်ီးက..."

ထမင်းကိုဝါးနေတဲ့သားသားရဲ့ပါးကဖောင်းကားနေတာကိုကြည့်ရင် ကျွန်တော်မှာချစ်မဝဖြစ်နေရသည်..။ စိတ်ရှိလက်ရှိလုပ်ပြစ်လိုက်ရရင်တော့လား..သားသားတော့ ကိုယ်လက်တွေနာကုန်တော့မှာပဲ..။

........................

    နေ့လယ်ဘက်ရောက်တော့...ဦးဆီ လိုက်သွားချင်တာမို့..သားသားကိုအမေတို့ဆီမှာထားခဲ့ပြီး ထွက်လာခဲ့လိုက်တယ်..။

ဦးရဲ့ဆိုင်ကိုရောက်တော့..လူက ဦးပြောသလောက်လည်း အရမ်းမများပါဘူး..။ ဆိုင်ထဲကိုလည်း ဝင်လိုက်ရော..

"အဲ့ကောင်မလေးကဟယ်...ဆိုင်ကိုနေ့တိုင်းလာနေတာပဲ...
သူဋ္ဌေးကိုကြိုက်နေတာ အသိသာကြီးကို..."

"ဟုတ်ပါ့ဟယ်..သူဋ္ဌေးမှာအိမ်ထောင်ရှိမှန်းမသိတာလား...မသိချင်ယောင်ဆောင်ပြီးနေတာလားမသိဘူး..."

"အေးဟယ်...အခုလည်း ဘာတွေမြူဆွယ်နေတာလဲမသိဘူး..." ဆိုတဲ့ ဆိုင်ကဝန်းထမ်းမလေးတွေရဲ့တီးတိုးပြောဆိုမှုတွေကို ကြားလိုက်ရသည်..။ ကျွန်တော်လည်း သူတို့အနားကဖြတ်သွားရော..အကုန်လုံးက သူတို့နေရာကိုပြန်သွားကြတယ်..။

ဦးရဲ့သည်းငယ်လေး (Completed)Where stories live. Discover now