Part 25

328 45 9
                                    

Zawgyi:

       >>>>>2019 December <<<<<<

      မနက်ခင်းတစ်ခုမှာ နိုးထလာလာချင်း ပထမဆုံး ခံစားမိသည်က ကြည်နူးမှူ။ လက်လေးကို လှုပ်ရှားမိ၍ ထိတွေ့မိသည်က နွေးထွေးမှု။ လေကိုရှူသွင်းကြည့်လိုက်တော့ ရလိုက်ရသည်က ကိုယ်ငွေ့လေး၏ သင်းပျံ့မှု။ ဒီလိုနဲ့ သူဘေးမှာ ရှိနေသေးသည်ဆိုသည့်အတွေးက အရာအားလုံးဟာ လှပစေခဲ့သည်။

"နိုးပြီလား ကောင်းကင်..."

      ကိုယ်လေး အနည်းငယ်လှုပ်ရှားမိတော့ သူ့ ခိုနားရာ ရင်ခွင်ပိုင်ရှင်ဆီမှ ကြားရသည့် မနက်ခင်းတေးသံသာလေး။ သူပြန်မဖြေခင်မှာ မျက်လုံးလေး စုံမှိတ်ပြီး အလှပဆုံး ပြုံးပြလိုက်သည်။

မိုးကောင်းကင်နှင့် မြေတို့ နှစ်ယောက် ဒီရက်ပိုင်းအတွင်းမှာ ရင်နှီးပြီးရင်း ရင်းနှီးလာခဲ့သည်။ မြေက မိုးကောင်းကင်ပြောသမျှကို ဂရုတစိုက်နားထောင်ပေးပြီး မိုးကောင်းကင်ရဲ့အနားမှာ ရှိပေးရင်း ပျော်ရွှင်မှုတွေများစွာကို ဖန်တီးပေးခဲ့သည်။ ပျော်ရွှင်မှုကို တောင့်တနေသည့်  မိုးကောင်းကင်က အချိန်တိုလေးအတွင်းမှာပင် သူ့ကိုယ်သူ မြေထံ ယုံကြည်စွာ ပေးအပ်လိုက်ခြင်းပင်ဖြစ်သည်။

"မြေရော... နိုးနေတာကြာပြီလား"

"အင်း နည်းနည်း ကြာပြီ"

"ဒါများ ကျွန်တော့်ကို နိုးတာမဟုတ်ဘူး"

"မင်းအိပ်နေတဲ့ပုံက အရမ်းလှနေလို့ မနိုးရက်ခဲ့ဘူး..."

      မြေက မိုးကောင်းကင် ၏ နဖူးလေးကို ခပ်ဖွဖွနမ်းပြီးမှ ထိုစကားကို ပြောလိုက်သည်။ အနမ်းခံရသည့် ကောင်းကင်ကတော့ တခြားသူတွေလို ရှက်မနေခဲ့ဘဲ သူဟာ ချစ်စရာကောင်းအောင် ပြုံးနေခဲ့သည်။ မြေ၏ အနမ်းဖွဖွကို ခံယူပြီး သူက မြေရဲ့ နှုတ်ခမ်းကွဲလေးကို မနက်ခင်းအနမ်းလေး တစ်ခု ပေးလိုက်သည်။

"ကိုယ် ချိန်းထားတာ ရှိသေးလို့ သွားရတော့မယ်။ မင်းကို လိုက်ပို့ပေးရအုံးမလား"

"ဟင်း....။ သွားတော့မှာလား...."

"အင်း...။ အရေးကြီးလို့"

မိုးသားတို့ ကင်းစင်ချိန် (မိုးသားတို့ ကင်းစင်ချိန်)Where stories live. Discover now